ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်မည်ဖြစ်၍ ရန်ကုန်ရှိ မြို့နယ်အချို့တွင် ယာယီ ဓာတ်အားပြတ်တောက်မည်
Pearl (NSS) - ဒီဇင်ဘာ ၂၆
ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်မည်ဖြစ်၍ ရန်ကုန်ရှိ မြို့နယ်အချို့တွင် ယာယီ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း YESC က အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ယနေ့ (ဒီဇင်ဘာလ ၂၆ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်းရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းထိန်းသိမ်းပြုပြင်ခြင်းကို ယနေ့ (ဒီဇင်ဘာလ ၂၆ ရက် )မှ လာမည့် ဇန်နဝါရီလ (၂)ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း သဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်နေသော ဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (၁၀၀)မဂ္ဂါဝပ်ခန့် လျော့နည်းမည်ဖြစ်ကြောင်း YESC က အသိပေးထားသည်။
ထို့ပြင် ကမ်းလွန်ရွှေဂတ်စ်မှ မြင်းခြံသို့ ပေးပို့နေသော တောင်သာသဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပေါ်နေသောကြောင့် ယနေ့ (ဒီဇင်ဘာလ ၂၆ ရက် ) နံနက် (၁၀)နာရီခွဲမှ နေ့လည် (၂)နာရီခွဲအထိအရေးပေါ်ရပ်တန့် ပြင်ဆင်မည်ဖြစ်သဖြင့် ဂတ်စ်ပေးပို့မှုရပ်တန့်ရမည်ဖြစ်ပြီး ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (၃၁၅)မဂ္ဂါဝပ်ခန့် လျော့နည်းမည်ဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ငွေ့ပိုက်လိုင်းများ ပြုပြင်နေစဉ်အတွင်း လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုများ လျော့နည်းနေမည်ဖြစ်သဖြင့် အရေးပေါ် ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ကြောင်း YESC က အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်နှစ်တွင် ရုရှားနိုင်ငံ၏ အလုပ်သမားလိုအပ်ချက် ပိုမိုဆိုးရွားလာဖွယ်ရှိနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ