လာမည့်နှစ်တွင် ရုရှားနိုင်ငံ၏ အလုပ်သမားလိုအပ်ချက် ပိုမိုဆိုးရွားလာဖွယ်ရှိနေ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၆
ရုရှားနိုင်ငံတွင် ကျွမ်းကျင်အလုပ်သမားလိုအပ်ချက်မြင့်တက်နေပြီး အလုပ်သမားလိုအပ်ချက်က ၂ဝ၂၃ ခုနှစ် အတွင်း အလုပ်သမား ၄ ဒသမ ၈ သန်းကျော် လိုအပ်နေကာ လာမည့် ၂ဝ၂၄ ခုနှစ်တွင် အလုပ်သမား လိုအပ်မှုအခြေ အနေ ပိုမိုဆိုးလာနိုင်ကြောင်း Institute of Economics of the Russian Academy of Sciences (RAS) အဖွဲ့၏ မကြာသေးမီက ပြုလုပ်ခဲ့သောစစ်တမ်းတွင် ဖော်ပြထားသည်။
(RAS) အဖွဲ့သည် Nikolay Akhapkin အမည်ရှိ စစ်တမ်းတစ်ရပ်ကို ယခုသီတင်းပတ်အတွင်းထုတ်ပြန်ခဲ့ရာ ရုရှားနိုင်ငံ၏ အလုပ်သမားလိုအပ်ချက်က ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း ဆိုသည်။ ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အမေရိကန်ဦးဆောင်သောအနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် ရုရှားနိုင်ငံတွင် အလုပ်သမား လိုအပ်ချက်မြင့်တက်လာနေခဲ့ကြောင်း စစ်တမ်းထဲတွင် ဖော်ပြထားသည်။
အလုပ်သမားလိုအပ်ချက်မြင့်တက်ခြင်းက ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို နှေးကွေးစေသော အဓိက အကြောင်းအရာဖြစ်လာစေခဲ့ကြောင်း စစ်တမ်းထဲတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံ၏ ကျွမ်းကျင်အလုပ်သမားလိုအပ်ချက်က ၁၉၉ဝ ပြည့်နှစ်နောက်ပိုင်း အမြင့်ဆုံးကိုရောက်ရှိလာခဲ့ ကြောင်း၊ ရုရှားနိုင်ငံအချက်အလက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သော Rossta က ဆိုသည်။ ရုရှားဗဟိုဘဏ် အကြီးအကဲဖြစ်သူ နာဘီလီနာကလည်း အလုပ်သမား လိုအပ်ချက်မြင့်တက်နေခြင်းသည် နိုင်ငံစီးပွားရေးအတွက် အဓိကပြဿနာဖြစ်နေကြောင်း ပြီးခဲ့သောလတွင် ထုတ်ဖော်ပြောထားသည်။
အလုပ်သမားလိုအပ်ချက်မြင့်တက်လာခြင်းကြောင့် ရုရှားနိုင်ငံ၏ ထုတ်ကုန်ပိုင်း နှင့် ဝန်ဆောင်လုပ်ငန်းများတွင် ပြည့်ဝစွာ လုပ်ကိုင်နိုင်ခြင်းမရှိဘဲ ဂျီဒီပီနှုန်းကျဆင်းခဲ့သလို ငွေကြေးဖောင်းပွမှုနှုန်းလည်းမြင့်တက်လာနေကြောင်း ရုရှားဘဏ္ဍာရေးဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခဖြစ်သူ ဆာနိုနောဗ့်က ပြောသည်။
အလုပ်သမားလိုအပ်ချက်များကြောင့် ရုရှားနိုင်ငံ၏ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး နှင့် ဝန်ဆောင်မှုလုပ်ငန်းတွင် အလုပ်သမားများဝင်ငွေရရှိမှု နည်းပါးလာဖွယ်ရှိနေသော်လည်း အင်ဂျင်နီယာ၊ ဆော့ဝဲလ်ကျွမ်းကျင်သူများ၊ စက်ပိုင်းဆိုင်ရာ နှင့် ကားမောင်းသမား ၊နည်းပညာသမား လစာဝင်ငွေရရှိမှု ဆက်လက်ကောင်းမွန်နေမည်ဟု ၎င်းက ခန့်မှန်းထားသည်။
ရုရှားသည် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းနှင့်စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အနောက်အုပ်စုနိုင်ငံများ နှင့် တင်းမာမှုများရှိလာခဲ့ရာ ရုရှားနိုင်ငံအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘောဒီးယားက တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု တိုးမြှင့်လုပ်ဆောင်မည်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း