ကမ္ဘောဒီးယားက တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု တိုးမြှင့်လုပ်ဆောင်မည်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၆
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုများ ပိုမိုလုပ်ဆောင်နိုင်ရန် ပစ်မှတ်ထားနေကြောင်း ကမ္ဘောဒီးယားကုန်သွယ်ရေးဝန်ကြီးဖြစ်သူ ချန်နီမူလ်က ထုတ်ဖော်ပြောကြားလိုက်သည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ၂ဝ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးပမ်းနေပြီး ဇွန်လတွင် သက်တမ်းကုန်ဆုံးမည့် ၁၇ လအတွင်း တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၄ သိန်း တင်ပို့နိုင်ရန် ဆွေးနွေးနေကြောင်း ကမ္ဘောဒီးယားကုန်သွယ်ရေးဝန်ကြီးက ပြောသည်။
ကမ္ဘောဒီးယားအစိုးရအနေဖြင့် ၂ဝ၂၃ ခုနှစ် ရလဒ်များကို ပြန်လည်သုံးသပ်ပြီး ၂ဝ၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဆန် ပိုမိုတင်နိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
တရုတ်နိုင်ငံသို့ ဆန်ချောတင်ပို့မှုများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ ၇ ခုမြောက် ရေးထိုးနိုင် ရန် ဆွေးနွေးနေကြောင်း၊ အဆိုပါဆွေးနွေးမှုများ အောင်မြင်မည်ဆိုလျှင် ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ၂ဝ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်လာဖွယ်ရှိသည်။ တရုတ်သမ္မတရှီကျင့်ဖျင် နှင့် တွေ့ဆုံ ဆွေးနွေးချိန်အတွင်း တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုများပိုမိုလုပ်ဆောင်နိုင်ရန်အတွက် အဓိကထားဆွေးနွေးခဲ့ရာ သဘောတူညီမှုရရှိခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ပြောသည်။
"တရုတ်သမ္မတရှီကျင့်ဖျင်ဟာ တရုတ်ဆန်ဈေးကွက်ကို ၂ဝ ရာခိုင်နှုန်းတိုးမြှင့်ပို့ဆောင်မယ့်အစီအစဉ်ကို လက်ခံ သဘောတူညီခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ စေ့စပ်ဆွေးနွေးမှုတွေ ထပ်မံလုပ်နေရဦးမယ်" ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၂ဝ၂၃ ခုနှစ် ပထမ ဆယ်လအတွင်း ပြည်ပနိုင်ငံများသို့ ဆန်ချောတန်ချိန် ၅၃ဝဝဝဝ နီးပါး တင်ပို့နိုင်ခဲ့ပြီး အဆိုပါဆန်များထဲမှ ၁၇၇၂၈၅ တန်က တရုတ်ဈေးကွက်သို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာရှ နှင့် အခြားနိုင်ငံများသို့ တင်ပို့နေသော ပို့ကုန်များအတွက် ပို့ကုန်ရငွေ ဘဏ်စာရင်းသို့ ဝင်ရောက်ရမည့် ရက်သတ်မှတ်ချက်ကို ဗဟိုဘဏ် ပြင်ဆင်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း