အိန္ဒိယကမ်းရိုတန်းအနီးမှာ ကုန်စည်သင်္ဘောကို တိုက်ခိုက်ခဲ့ခြင်းမျိုးမရှိကြောင်း အီရန်အစိုးရပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၅
အီရန်အစိုးရဟာ အိန္ဒိယနိုင်ငံကမ်းရိုးတန်းအနီးမှာ ကုန်စည်သင်္ဘောတစ်စီးကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ခြင်းမျိုး မရှိကြောင်း၊ အမေရိကန်အစိုးရရဲ့စွပ်စွဲပြောဆိုချက်တွေက အခြေမြစ်မရှိကြောင်း သိရပါတယ်။
အမေရိကန်အစိုးရက အီရန်နိုင်ငံဟာ ဒီဇင်ဘာ ၂၄ ရက်က အိန္ဒိယကမ်းရိုးတန်းအလွန်မှာ ကုန်စည်သင်္ဘောတစ်စီး ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက "အမေရိကန်အစိုးရရဲ့စွပ်စွဲချက်တွေက အခြေမြစ်မရှိဘူး" လို့ပြောပါတယ်။ အီရန်နိုင်ငံရဲ့ လက်အောက်ခံလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဟူသီလက်နက်ကိုင်အုပ်စုဟာ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်း က ပင်လယ်နီဒေသနဲ့ အေဒင်ပင်လယ်ကွေ့ကို ဖြတ်သန်းတဲ့ကုန်စည်သင်္ဘောတွေကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ ကြောင်း သိရပါတယ်။
ကုန်စည်သင်္ဘောတွေကို ဟူသီလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခြင်းတွေနဲ့ပတ်သက်ပြီး ပင်လယ်နီဒေသမှာ တင်းမာမှုအရှိန်မြင့်တက်နေကြောင်း သိရပါတယ်။ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို ဟန့်တားဖို့ အမေရိကန်နိုင်ငံဟာ ညွှန်ပေါင်းအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းပြီး ကုန်စည်သင်္ဘောတွေ ဘေးကင်းစေအောင် ကင်းလှည့်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ကုန်စည်သင်္ဘောတွေကို တိုက်ခိုက်နေခြင်းကို ရပ်တန့်မှာမဟုတ်ဘဲ ဂါဇာဒေသကို အစ္စရေးနိုင်ငံတိုက်ခိုက်မှု ရပ်တန့်ချိန်မှ ရပ်နားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဟူသီလက်နက်ကိုင် အဖွဲ့ဟာ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက ပင်လယ်နီဒေသမှာ ဒရုန်း နဲ့ ရော့ကဒ်ဒုံးကျည် အစင်းပေါင်း ၁ဝဝ ကျော် အသုံးပြုကာတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂိုင်ယာနာနိုင်ငံသို့ စစ်သင်္ဘောတစ်စီးစေလွှတ်ရန် ပြင်ဆင်နေကြောင်း ဗြိတိန်အစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ