ဂိုင်ယာနာနိုင်ငံသို့ စစ်သင်္ဘောတစ်စီးစေလွှတ်ရန် ပြင်ဆင်နေကြောင်း ဗြိတိန်အစိုးရပြော
Pika (NSS) - ဒီဇင်ဘာ ၂၅
ဗြိတိန်သည် ကိုလိုနီလက်အောက်ခံနိုင်ငံဟောင်းဖြစ်သော ဂိုင်ယာနာနိုင်ငံကို သံတမန်ရေးနှင့် စစ်ရေးအရထောက်ပံ့မှုများအား ပြသသည့်အနေဖြင့် စစ်သင်္ဘောတစ်စင်း စေလွှတ်ရန်ပြင်ဆင်နေကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့သည်။
ရေနံ နှင့် သတ္တုများပေါကြွယ်ဝသော ဂိုင်ယာနာပိုင်နက်အတွင်းရှိ အငြင်းပွားနယ်မြေကို အိမ်နီးချင်းဗင်နီဇွဲလားနိုင်ငံက ၎င်း၏ပိုင်နက်နယ်မြေဖြစ်ကြောင်း ပြောဆိုခဲ့ပြီးနောက် ဗြိတိန်၏ စစ်သင်္ဘောပေးပို့မည့်အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့အပြင် ခရစ္စမတ်ပြီးလျှင် လုပ်ဆောင်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် HMS Trent စစ်သင်္ဘောပါဝင်သွားမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောခဲ့သည်။
ဂိုင်ယာနာနိုင်ငံသည် တောင်အမေရိကတိုက်၏ တစ်ခုတည်းသော အင်္ဂလိပ်စကားပြောနိုင်ငံဖြစ်သည်။HMS Trent စစ်သင်္ဘောသည် မူးယစ်ဆေးဝါးမှောင်ခိုသမားများကို ရှာဖွေရန်အတွက် ကာရေဘီယန်ဒေသတွင်ရှိနေသော်လည်း ဂိုင်ယာနာပိုင်နက်ဖြစ်သော Essequibo အငြင်းပွားဒေသကို သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ဗင်နီဇွဲလားအစိုးရက ယခုလအစောပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် HMS Trent ကို ဂိုင်ယာနာနိုင်ငံသို့ ပြန်လည်စေလွှတ်ရန် ဗြိတိန်အစိုးရက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် တောင်အမေရိကတိုက်တွင် Falklands ပဋိပက္ခဖြစ်ပွားခဲ့သည့် ၁၉၈၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် စစ်ပွဲဖြစ်ပွားလာနိုင်ခြေများ နှင့် ဗင်နီဇွဲလားနိုင်ငံက ဂိုင်ယာနာနိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်လာမည်ကို စိုးရိမ်မှုများလည်းပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။
ဗင်နီဇွဲလားနိုင်ငံသည် ဂိုင်ယာနာနိုင်ငံ၏ သုံးပုံနှစ်ပုံခန့်ပါဝင်သော စတုရန်းမိုင်(၆၁ဝဝဝ)ရှိသည့် Essequibo ဒေသကို ၎င်း၏ ပိုင်နက်နယ်မြေဖြစ်သည်ဟု အချိန်အတော်ကြာအခိုင်အမာပြောဆိုထားကြောင်းလည်း သိရသည်။
Essequibo ဒေသရှိ တောင်ကုန်းများ နှင့် တောများတွင် ရွှေများ၊စိန်များ နှင့် သတ္တုရိုင်းများပေါကြွယ်ဝပြီး ၎င်း၏ ကမ်းရိုးတန်းတွင် ရေနံသိုက်အများအပြားကို တွေ့ရှိထားကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၂၅ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ