လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုများရဲ့စစ်စခန်းတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေး စစ်တပ်ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၅
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲဟာ အခြားဒေသတွေကို ကူးစက်ပျံ့နှံ့မှာ စိုးရိမ်မှုမြင့်တက်နေချိန်မှာပဲ အစ္စရေးစစ်တပ်ဟာ လက်ဘနွန်နိုင်ငံရှိ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တွေကို ဒီဇင်ဘာ ၂၅ ရက်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အတည်ပြုပြောခဲ့ပါတယ်။
အစ္စရေးစစ်တပ်က ၎င်းတို့ဟာ လက်ဘနွန်နိုင်ငံ အခြေစိုက်ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့အပေါ် ညလုံးပေါက် တိုက်ခိုက်ခဲ့သလို ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းမှာလည်း တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးက ၎င်းတို့ဟာ ဟစ်ဘိုလာအုပ်စုတွေ ပိုင်ဆိုင်တဲ့စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးတွေနဲ့ စစ်ရေးအဆောက်အဦးတွေကို တိုက်ခိုက်ခဲ့ကြောင်း ထပ်မံပြောဆိုထားပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဟာ စစ်ပွဲထဲကိုအခြားအဖွဲ့ အစည်းနိုင်ငံတွေ တိုက်ရိုက်ပါဝင်လာမှာ စိုးရိမ်နေခဲ့ပေမယ့် ဟစ်ဘိုလာအုပ်စုက အစ္စရေးနိုင်ငံဘက်ခြမ်းကို တိုက်ခိုက်နေခဲ့ပါတယ်။ ဟစ်ဘိုလာအုပ်စုတွေဟာ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာ ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံကို ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့ရာ အစ္စရေးနဲ့ ဟစ်ဘိုလာအုပ်စုကြား တင်းမာမှုတွေ ထပ်မံဖြစ်လာခဲ့ကြောင်း သိရပါတယ်။
အစ္စရေးဟာ ဟစ်ဘိုလာအုပ်စုရဲ့တိုက်ခိုက်မှုတိုင်းကို ချက်ချင်းလက်တုံ့ပြန်ခဲ့ပြီး အမြှောက်တွေနဲ့ ပစ်ခတ်ခြင်း၊ လေကြောင်းက ဗုံးကြဲခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ဟစ်ဘိုလာအုပ်စုတွေဟာ အစ္စရေးရဲ့ တိုက်ခိုက် မှုတွေကြောင့် လူသေဆုံးမှုမြင့်တက်လာခဲ့ပြီးနောက် အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒရုန်းတွေ၊ ရော့ကဒ် ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရတာဝန်ရှိသူများကတော့ အစ္စရေးနဲ့ ဟစ်ဘိုလာလက်နက်ကိုင်အုပ်စုကြား စစ်ပွဲတွေ ထပ်မံဖြစ်ပွားမှာ စိုးရိမ်နေတဲ့အတွက် တားဆီးဖို့ ကြိုးပမ်းနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယကမ်းရိုတန်းအနီးမှာ ကုန်စည်သင်္ဘောကို တိုက်ခိုက်ခဲ့ခြင်းမျိုးမရှိကြောင်း အီရန်အစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ