အမှားများမှ ပြန်လည်သင်ယူရန်လိုအပ်ကြောင်း အသင်းကစားသမားများကို ချဲလ်ဆီးနည်းပြ သတိပေး
Pika (NSS) - ဒီဇင်ဘာ ၂၅
ချဲလ်ဆီးအသင်းသည် ဝု့ဖ်အသင်းနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို (၂)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းကစားသမားများအနေဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်များမှ အမှားများကို ပြန်လည်သင်ယူရန်လိုအပ်ကြောင်း ချဲလ်ဆီးနည်းပြပိုချက်တီနိုက ပြောခဲ့သည်။
ချဲလ်ဆီးအသင်းသည် ဝု့ဖ်အသင်းကို (၂)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရှိပရီးမီးယားလိဂ်ရာသီတွင် ရှစ်ပွဲ မြောက် ရှုံးပွဲကိုကြုံခဲ့ရကြောင်း သိရသည်။ ထို့အပြင် ချဲလ်ဆီးအသင်းကစားသမားအနေဖြင့် အမှားများမှ သင်ယူကာ ရှေ့ကိုဆက်သွားရန်လိုအပ်ကြောင်း နည်းပြပိုချက်တီနိုက ပြောခဲ့သည်။
"ကျွန်တော်တို့ တကယ်ကို စိတ်ပျက်ခဲ့ပါတယ်။ ကျွန်တော်တို့လက်ရှိရနေတဲ့နေရာထက် အများကြီးပိုကောင်းတဲ့ နေရာက ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပရီးမီးယားလိဂ်လို ပြိုင်ဆိုင်မှုပြင်းထန်တဲ့လိဂ်မှာ အကောင်းဆုံးခြေစွမ်းပြ မကစားနိုင်ဘူးဆိုရင် ရလဒ်တွေကို ညည်းတွားပြောဆိုနေလို့မရပါဘူး။ ပထမပိုင်းမှာ ကျွန်တော်တို့အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးတော့ မသွင်းယူနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပထမပိုင်းမှာ ဝု့ဖ်အသင်းကို အကောင်းဆုံးဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော် တို့ ဝု့ဖ်အသင်းကို သွင်းဂိုး နှစ်ဂိုးတောင်ပေးခဲ့မိပြီး ပြန်လည်ဖိအားပေးကစားတာခံခဲ့ရပါတယ်။ သူတို့က အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီးတော့ ရလဒ်က ဒီလိုဖြစ်တာပါပဲ။ ကျွန်တော်တို့အသင်းဟာ လူငယ်အသင်း တစ်သင်းလို့ ရာသီ အစတည်းက ပြောခဲ့ပါတယ်။ တစ်ချို့ကစားသမားတွေဆိုရင် ပရီးမီးယားလိဂ်မှာ ပထမဆုံး အကြိမ်ကစားဖူးကြတာမျိုးဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေက လိုအပ်နေပါတယ်။ ကျွန်တော်တို့ ဒီလိုရှုံးပွဲ တွေကနေ အမှားတွေကို သင်ယူရပါမယ်။ ကျွန်တော်တို့ဒီထက်ပိုပြီး ကောင်းလာနိုင်တယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ ကြိုးစားအားထုတ်ဖို့လိုပါတယ်" ဟု ပိုချက်တီနိုက ပြောခဲ့သည်။
ချဲလ်ဆီးအသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ(၁၈)ပွဲကစားထားပြီး ရမှတ်(၂၂)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၁ဝ)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုများရဲ့စစ်စခန်းတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေး စစ်တပ်ပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း