BLACKPINK အဖွဲ့ဝင် ဂျင်းနီ တစ်ကိုယ်တော်ခရီး စတင်ဖို့ လုပ်ဆောင်နေ
Pika (NSS) - ဒီဇင်ဘာ ၂၅
BLACKPINK အဖွဲ့ဝင် ဂျင်းနီက ၎င်းသည် OA အမည်ရှိ တံဆိပ်အသစ်တစ်ခု နှင့် ကုမ္ပဏီကို စတင်တည်ထောင် တော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ(၂၄)ရက်တွင် ဖော်လိုဝါ(၈၃)သန်းနီးပါးရှိသည့် ၎င်း၏ အင်စတာဂရမ်အကောင့်မှာ ပို့စ်တစ်ခုတင်ခဲ့ကာ ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါပို့စ်တွင် "ကျွန်မက ဂျင်းနီပါ။ ဒီနှစ်ဟာ ကျွန်မအတွက် အောင်မြင်မှုတွေ အများကြီးနဲ့ပြည့်နေပါတယ်။ ပြီးတော့ ကျွန်မ ရရှိခဲ့တဲ့ချစ်ခြင်းမေတ္တာတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ OA လို့ခေါ်တဲ့ ကုမ္ပဏီ တစ်ခု နဲ့ ၂ဝ၂၄ ခုနှစ်မှာ တစ်ကိုယ်တော်ခရီးကို စတင်ဖို့အတွက် ဖြစ်လာမယ့်အရာတွေကိုလည်း ကျွန်မ တွေးနေပါတယ်။ OA ကုမ္ပဏီနဲ့စတင်မယ့် ကျွန်မရဲ့တစ်ကိုယ်တော်ခရီးအတွက် ချစ်ခြင်းမေတ္တာတွေ ပြသပေးကြပါဦး။ အားလုံးကို ကျေးဇူးတင်ပါတယ်" ဟု ရေးသားထားသည်။
OA ကုမ္ပဏီ၏ အင်စတာဂရမ်အကောင့်သည် ဖော်လိုဝါ(၈)သိန်းခွဲခန့်ရှိနေကြောင်း သိရသည်။ ဂျင်းနီသည် ဖော်လိုဝါ(၈)သိန်းခွဲခန့်ရှိသော OA ကုမ္ပဏီ၏ အင်စတာဂရမ်အကောင့်အသစ်ကို tag တွဲကာ အဖြူအမည်းဖြင့် ရိုက်ထားသော ၎င်း၏ဓါတ်ပုံကို တင်ခဲ့သည်။ OA ကုမ္ပဏီ၏ ပေ့ချ်တွင် ၎င်း၏ မစ်ရှင်များကို အတိုချုံးရှင်းပြထား သည့်စာတန်းပါရှိသော ဓါတ်ပုံနှစ်ပုံတင်ထားကြောင်းလည်း သိရသည်။
"OD ATELIER ရဲ့အတိုကောက်ဖြစ်တဲ့ OA ဟာ ပုံမှန် ဒါမှမဟုတ် မျှော်လင့်ထားတာနဲ့မတူတဲ့ပုံစံနဲ့ ဆွဲဆောင်မှုရှိတဲ့ အရာတွေကို ဖန်တီးဖို့ ရည်ရွယ်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်" ဟု ဂျင်းနီက ပြောခဲ့သည်။
ထို့အပြင် အနက်ရောင် hoodies ပေါ်တွင် အလှဆင်ထားသော OA ကုမ္ပဏီ၏ logo ပုံကို ဂျင်းနီက ပြသခဲ့သည်။ သို့သော်လည်း အဆိုပါစွန့်စားမှုအသစ်အတွက် နောက်ထပ်အစီအစဉ်အသစ်များကို ဂျင်းနီက အသေးစိတ် ထုတ်ဖော်ပြောခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။
ဂျင်းနီသည် ၂ဝ၂၃ ခုနှစ်တွင် ကိုယ်ပိုင်အောင်မြင်မှုများရရှိခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် ဂျင်းနီသည် ကာလရှည်ကြာစောင့်ဆိုင်းခဲ့သော တစ်ကိုယ်တော်သီချင်းများအပြင် HBO ဒရမ်မာစီးရီး The Idol တွင် သရုပ်ဆောင်အဖြစ် ပထမဆုံးပါဝင်ခဲ့ပြီး The Order of the British Empire ၏ ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံခဲ့ရကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဝင်ရောက်စီးနင်းမှုများအတွင်း လူ(၁၅ဝဝဝ)နီးပါးကို ဖမ်းဆီးမိခဲ့ကြောင်း သီရိလင်္ကာ အစိုးရပြော
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ