Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဝင်ရောက်စီးနင်းမှုများအတွင်း လူ(၁၅ဝဝဝ)နီးပါးကို ဖမ်းဆီးမိခဲ့ကြောင်း သီရိလင်္ကာ အစိုးရပြော

Pika (NSS) - ဒီဇင်ဘာ ၂၅ 

သီရိလင်္ကာနိုင်ငံတွင် သီတင်းပတ်(၁)ပတ်ကြာ လုပ်ဆောင်ခဲ့သော စစ်တပ်ကျောထောက်နောက်ခံပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဝင်ရောက်စီးနင်းမှုများအတွင်း လူပေါင်း(၁၅ဝဝဝ)နီးပါးကို ဖမ်းဆီးမိခဲ့ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က ဒီဇင်ဘာလ(၂၄)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။


သို့သော်လည်း အဆိုပါဖြိုခွင်းမှုများကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။ "Yuktiya" (သို့မဟုတ်) "Justice" ဟု အမည်ပေးထားသည့် စစ်ဆင်ရေးအတွင်း ဆေးခြောက် (၂၇၂) ကီလိုဂရမ်၊ hashish (၃၅) ကီလိုဂရမ်၊ဘိန်းဖြူ (၉)ကီလိုဂရမ် အပါအဝင် မူးယစ်ဆေးဝါး စုစုပေါင်း (၄၄ဝ) ကီလိုဂရမ်နီးပါး ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ 

ထို့အပြင် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသည့်နေရာတစ်ခုအဖြစ် အသုံးပြုနေသည်ဟု အာဏာပိုင်များက ယုံကြည်နေကြောင်းလည်း သိရသည်။

စစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ(၁၁ဝဝ)နီးပါးကို ဖမ်းဆီးကာ စစ်တပ်က ဦးစီးလုပ်ကိုင်နေသော ဂေဟာ တွင် ပြုပြင်ထိန်းသိမ်းရေးများ လုပ်ဆောင်ရန်အတွက် စေလွှတ်ခဲ့ပြီး အခြားသံသယရှိသူ လူ(၁၃၆၆၆)ဦးကို ဖမ်းဆီး ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ 


သီရိလင်္ကာမြို့တော် Sri Jayawardenepura Kotte နှင့် အခြားနေရာများတွင် နေအိမ်များကို ဝင်ရောက်စီးနင်းမှု များ လုပ်ဆောင်ရန်အတွက် ရဲတပ်ဖွဲ့ နှင့် စစ်သားများက အနံ့ခံခွေးများကို အသုံးပြုနေသည့်ဗီဒီယိုဖိုင်ကို ဒေသအတွင်းမီဒီယာများက ပြသခဲ့ကြောင်းလည်း သိရသည်။ လုံခြုံရေးနှင့်ဆက်စပ်သော တာဝန်များထမ်းဆောင် ရန်အတွက် အရာရှိများကို လိုအပ်သောကြောင့် ခရစ္စမတ်အားလပ်ရက်အတွင်း ဝင်ရောက်စီးနင်းမှုများကို ခေတ္တ ရပ်ဆိုင်းထားမည်ဖြစ်သော်လည်း ဒီဇင်ဘာလ(၂၆)ရက်နောက်ပိုင်းတွင် စစ်ဆင်ရေးကို ပြန်လည်စတင်မည်ဖြစ် ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။


ရဲတပ်ဖွဲ့များသည် ရှာဖွေဝရမ်းများ မပါရှိဘဲ လုပ်ဆောင်ခဲ့သည့်အတွက် တရားမဝင်ကြောင်း နှင့် နောက်ပိုင်းတွင် တရားစွဲဆိုမှုများ ပြန်လည်လုပ်ဆောင်ရန်အတွက် ဝင်ရောက်စီးနင်းမှုအတွင်း ပါဝင်ခဲ့သော အရာရှိများ၏ အသေးစိတ်အချက်အလက်များကို ရယူရန် လူ့အခွင့်အရေးရှေ့နေ Hejaaz Hizbullah က ပြောကြားခဲ့သည်။ 

ထို့အပြင် အဆိုပါရှာဖွေမှုများသည် သက်သေအထောက်အထားများကို အခြေခံထားခြင်းမျိုးမဟုတ်ဘဲ ဆင်းရဲသော နေရာများကိုသာ ပစ်မှတ်ထားလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ Ambika Satkunanathan က ပြောကြားခဲ့သည်။ ၎င်းက "ရဲတပ်ဖွဲ့တွေဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ အသေးစား ရောင်းဝယ်သူတွေကို ဖမ်းဆီးခဲ့ပေမယ့်လည်း ကြီးကြီးမားမားလုပ်ကိုင်နေတဲ့ ရောင်းဝယ်ဖောက်ကားသူတွေကို တော့ အာရုံစိုက်တာမျိုးမရှိပါဘူး" ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမှားများမှ ပြန်လည်သင်ယူရန်လိုအပ်ကြောင်း အသင်းကစားသမားများကို ချဲလ်ဆီးနည်းပြ သတိပေး

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved