ဇာတ်ဝင်ခန်းများ လျှော့ချခြင်းခံခဲ့ရသည့် မင်းသမီး အမ်ဘာဟာ့ဒ်
Pika (NSS) - ဒီဇင်ဘာ ၂၅
မကြာသေးမီက ထွက်ရှိခဲ့သော စူပါဟီးရိုးရုပ်ရှင်ဇာတ်ကား Aquaman And The Lost Kingdom တွင် အမေရိကန် မင်းသမီးသရုပ်ဆောင် အမ်ဘာဟာ့ဒ်၏ မီရာအဖြစ် သရုပ်ဆောင်ထားသော အခန်းကဏ္ဍများသည် လျှော့ချခြင်းခံခဲ့ရကြောင်းလည်း သိရသည်။
အသက်(၃၇)နှစ်အရွယ် အမ်ဘာဟာ့ဒ်သည် (၁၂၄)မိနစ်ကြာသော Aquaman And The Lost Kingdom ဇာတ်ကား တွင် (၁၅)မိနစ် နှင့် မိနစ်(၂ဝ)ကြားသာ ပါဝင်ခွင့်ရခဲ့ကြောင်း Business Insider သတင်းစာ၏ အဆိုအရ သိရသည်။
မကြာသေးမီအချိန်အတွင်း တင်ပါးဆုံဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာသော အမ်ဘာဟာ့ဒ်သည် ရုပ်ရှင် ဇာတ်ကားတစ်ကားလုံးတွင် စုစုပေါင်း ဖလင်လိုင်း(၁၁)လိုင်းသာ ပါဝင်ခွင့်ရခဲ့ကြောင်း မီဒီယာအများအပြားက ဖော်ပြခဲ့သည်။
Aquaman And The Lost Kingdom ဇာတ်ကားတွင် အမ်ဘာဟာ့ဒ်၏ ဖလင်လိုင်းအတော်များများမှာ လျှော့ချခံခဲ့ရ ခြင်းဖြစ်သည်။ မီရာဇာတ်ကောင်သည် အဆိုပါရုပ်ရှင်ဇာတ်ကား၏ အစပိုင်း နှင့် အဆုံးပိုင်းတို့တွင် အများဆုံး ပါဝင်ခဲ့သော်လည်း အဓိကကျသော ဇာတ်ဝင်ခန်းများမှ ဖယ်ရှားခံခဲ့ရကြောင်း သိရသည်။ မီရာဇာတ်ကောင်သည် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် ထွက်ရှိခဲ့သော ပထမဆုံး Aquaman ရုပ်ရှင်ဇာတ်ကားတွင် အဓိက ဇာတ်ဝင်ခန်း များမှာ ပါဝင်ခဲ့ကြောင်း သိရသည်။
မီရာအဖြစ် သရုပ်ဆောင်ထားသော အမ်ဘာဟာ့ဒ် နှင့် Aquaman အဖြစ် သရုပ်ဆောင်ထားသော ဂျေဆွန်မိုမိုအာတို့ ကြား မပြေလည်မှုများရှိခဲ့သဖြင့် အမ်ဘာ့ဟာ့ဒ်၏ ဇာတ်ကောင်ပါဝင်သည့် အခန်းများကို ဘေးဖယ်ထားခဲ့ရခြင်း ဖြစ်ကြောင်း Warner Bros ကုမ္ပဏီ စီအီးအိုဟောင်း ဝေါ်လ်တာဟာမာဒါက ပြောကြားခဲ့သည်။
သို့သော်လည်း မီရာဇာတ်ကောင်၏ အခန်းကဏ္ဍကို လျှော့ချရန်ဆုံးဖြတ်ရခြင်း နောက်ကွယ်က အကြောင်းပြချက် မှာ ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင်ဂျော်နီဒတ်ပ် နှင့် အမ်ဘာဟာ့ဒ်တို့၏ တရားရင်ဆိုင်မှုတို့ကြောင့် ဖြစ်နိုင်ဖွယ်ရှိ ကြောင်း လူအများအပြားက သံသယဖြစ်ခဲ့ကြသည်။ အမ်ဘာ့ဟာ့ဒ်၏ တရားဝင်ပြဿနာများသည် မီရာ ဇာတ်ကောင်၏ အခန်းကဏ္ဍကို လျှော့ချရခြင်းနောက်ကွယ်က အကြောင်းပြချက်တစ်ခုမဟုတ်ကြောင်း DC စတူဒီယိုအမှုဆောင်အရာရှိများက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BLACKPINK အဖွဲ့ဝင် ဂျင်းနီ တစ်ကိုယ်တော်ခရီး စတင်ဖို့ လုပ်ဆောင်နေ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ