တစ်မိနစ်ကျော်အတွင်း မီတာ(၁ဝဝ)အရှည်ရှိ ကြိုးတန်းပေါ် အမြန်ဆုံးလမ်းလျှောက်ပြနိုင်သူ
Pika (NSS) - ဒီဇင်ဘာ ၂၅
တရုတ်နိုင်ငံမှ အားကစားသမားတစ်ဦးသည် ကြိုးတန်းပေါ်တွင် မီတာ(၁ဝဝ)ကို အမြန်ဆုံးလျှောက်ပြကာ ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
ရှီဟိုင်လင်း အမည်ရှိ တရုတ်နိုင်ငံသားသည် ကြိုးတန်းပေါ်တွင် မီတာ(၁ဝဝ)အကွာအဝေးကို (၁)မိနစ် (၁၄)စက္ကန့် ဖြင့် အမြန်ဆုံးလမ်းလျှောက်နိုင်ခဲ့သည့်အတွက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။ ရှီဟိုင်လင်းသည် Pingxiang မြို့ Wugong တောင်ရှိ ပင်လယ်ရေမျက်နှာပြင်အထက် (၁၆ဝဝ)မီတာတွင်ရှိသော Guanyindang စခန်းတွင် ကြိုးတန်းပေါ်လမ်းလျှောက်ခြင်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေတိုက်နှုန်း နှင့် အပူတို့ကို ထည့်တွက်လျှင် အဆိုပါကြိုးတန်းလမ်းလျှောက်ခြင်းမှာ ကြီးမားသောစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ ရှီဟိုင်လင်းသည် ၂ဝ၁၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံသား Lucas Milliard က ချိုးဖျက် ထားသော ယခင်စံချိန်(၁)မိနစ် (၅၉)စက္ကန့်ကို ဖြတ်ကျော်ကာ ယခုကဲ့သို့ ကမ္ဘာ့ဂင်းနစ်စံချိန် တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အသက်(၃၁)နှစ်အရွယ် ရှီဟိုင်လင်းသည် ၂ဝ၁၆ ခုနှစ်တွင် ကြိုးတန်းပေါ်လမ်းလျှောက်ခြင်းကို စတင် လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အာရှတိုက်မှာ ကြိုးတန်းပေါ်လမ်းလျှောက်ခြင်း စံချိန်များစွာကို ချိုးဖျက်နိုင်ခဲ့သူ တစ်ဦးဖြစ်လာခဲ့ကြောင်း သိရသည်။
ရှီဟိုင်လင်းက "ကျွန်တော့်ရဲ့ကြိုးစားမှုတွေကနေတစ်ဆင့် ဒီကြိုးတန်းပေါ် လမ်းလျှောက်ခြင်းအားကစားကို ပိုပြီး အာရုံစိုက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇာတ်ဝင်ခန်းများ လျှော့ချခြင်းခံခဲ့ရသည့် မင်းသမီး အမ်ဘာဟာ့ဒ်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ