တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက်အမြဲအသင့်ရှိကာ ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုနေဟု တပ်ချုပ်ပြော
ကျော်(NSS) - ဒီဇင်ဘာ ၂၅
နစက အနေဖြင့် ငြိမ်းချမ်းရေးတံခါးများအမြဲဖွင့်လှစ်ထားကာ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက်အမြဲအသင့်ရှိပြီး ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြော သည်။
၎င်းက ယမန်နေ့ (ဒီဇင်ဘာလ ၂၄ ရက်)မွန်းလွဲပိုင်းက နေပြည် တော်၊ ပျဉ်းမနားမြို့၊ ရန်အောင် (၁)ရပ်ကွက်ရှိ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်း၌ပြုလုပ်သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"နစက အနေနဲ့ ငြိမ်းချမ်းရေးတံခါးတွေ အမြဲဖွင့်ထားသလို တပ်မတော်အနေနဲ့လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုနေပါတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းအရ နိုင်ငံတော်ကိုတာဝန်ယူအုပ်ချုပ်တဲ့ အစိုးရတိုင်းဟာ ငြိမ်းချမ်းရေးအတွက်အလေးအနက်ထားအစဉ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်"ဟု တပ်ချုပ်ကပြောသည်။
ထို့ကြောင့် နစက လက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များချမှတ်၍ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
"မြန်မာနိုင်ငံမှာ အဓိကလိုအပ်နေတဲ့ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးတွေ နိုင်ငံသားတွေအားလုံးဆီ အမြန်ရောက်ရှိနိုင်ဖို့ ဘာသာတရားအားလုံးက ငြိမ်းချမ်းစွာအတူလက်တွဲပြီး ကြိုးပမ်းဆောင်ရွက်သွားကြရပါမယ်"ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။
ထို့ပြင် လူသားများကောင်းကျိုးအတွက် လိုအပ်နေသည့် ငြိမ်းချမ်းရေး၊ သာ ယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုဆောင်ရွက်ရာတွင် ဘာသာရေးအပိုင်းမှပါဝင်ခြင်းသည် အကျိုးကျေးဇူးကြီးမားနိုင်သည်ကို ယုံကြည်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံသားအများစုကိုးကွယ်သည့် ဗုဒ္ဓဘာသာသာသနာနှင့်အတူ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာသာသနာတို့အပြင် အခြားဘာသာများကိုလည်း အသိအမှတ်ပြုထားသည်ဟု ပြောသည်။
ဥပဒေများနှင့်မဆန့်ကျင်ဘဲ တိုင်းရင်းသားလူမျိုးများနှင့်အခြားဘာသာသာသနာများကို ထိခိုက်နစ်နာမှုမရှိပါက မိမိတို့ကိုးကွယ်သည့် ဘာသာသာသနာကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်းထားသည့်အတိုင်း တတ်နိုင်သမျှကူညီစောင့်ရှောက်ပေးလျက်ရှိသည်ဟုလည်း တပ်ချုပ်က ပြောကြားခဲ့သည်။
သို့သော်လည်း လက်ရှိအချိန်၌ တိုင်းနှင့်ပြည်နယ်အချို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF အဖွဲ့များပူးပေါင်းအဖွဲ့များ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား မနက်ဖြန်မှစတင်၍ ကျင်းပသွားမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ