ကစားပွဲများကို စည်းစည်းလုံးလုံးနှင့်စိတ်အေးအေးထား ကစားကြရန် အသင်းကစားသမားများကို မန်ယူနည်းပြ တိုက်တွန်း
Pika (NSS) - ဒီဇင်ဘာ ၂၄
ဝက်စ်ဟမ်းအသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်ကို (၂)ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူအသင်း ကစားသမားများအနေဖြင့် စည်းစည်းလုံးလုံးနှင့် စိတ်အေးအေးထားပြီး ကစားကြရန် မန်ယူနည်းပြတန်ဟက်က တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်း တိုက်စစ်မှူး Jarrod Bowen က ပွဲချိန်(၇၂)မိနစ်တွင် တစ်ဂိုးသွင်းယူပေးခဲ့ပြီး ကွင်းလယ်ကစားသမား Mohammed Kudus က ပွဲချိန်(၇၈)မိနစ်တွင် တစ်ဂိုးထပ်မံသွင်းယူခဲ့ပြီးနောက် မန်ယူအသင်းကို (၂)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် နောက်ဆုံးကစားခဲ့သော ပြိုင်ပွဲစုံပွဲပေါင်း(၇)ပွဲတွင် တစ်ပွဲသာအနိုင်ရရှိထားပြီး နောက်ဆုံး ကစားခဲ့သော ကစားပွဲ(၄)ပွဲတွင် (၃)ပွဲရှုံးထားကြောင်းလည်း သိရသည်။ ထို့အပြင် မန်ယူအသင်းသည် ၁၉၉၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လေးပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမျိုးမရှိခဲ့သည့်အပြင် ၁၉၃ဝ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ခရစ္စမတ်မတိုင်မီ ပြိုင်ပွဲစုံပွဲများတွင် အနည်းဆုံး(၁၃)ပွဲ ရှုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူနည်းပြတန်ဟက် က "၂ဝ၂၃ ခုနှစ်မှာ ကျွန်တော်တို့ ခါရာဘောင်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြီးတော့ FA ဖလား ဖိုင်နယ်ပွဲစဉ်ကိုလည်း ကျွန်တော်တို့ကစားခဲ့ပါတယ်။ ပြီးတော့ ၂ဝ၂၂-၂ဝ၂၃ ပရီးမီးယားလိဂ်ရာသီမှာ ကျွန်တော်တို့ အဆင့်(၃)နေရာရအောင် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ဖူးပေမယ့်လည်း ဒီအချိန်မှာတော့ ကျွန်တော်တို့ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်တာမျိုး မရှိခဲ့ပါဘူး။ အဲဒီလိုဖြစ်ရတဲ့အကြောင်းအရင်းက ကျွန်တော်တို့မှာ ဒဏ်ရာရနေတဲ့ကစားသမားတွေ အများကြီး ရှိနေပါတယ်။ အဲဒီကစားသမားတွေ ဒဏ်ရာကနေ သက်သာလာပြီး ပြန်ကစားနိုင်ခဲ့မယ်ဆိုရင် အသင်းက ဒီထက်ပို ကောင်းသွားမှာပါ။ ကျွန်တော်တို့ စိတ်အေးအေးထားဖို့လိုအပ်ပါတယ်။ ပြီးတော့ စည်းစည်းလုံးလုံးနဲ့ အတူတကွ ကစားကြဖို့ လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။
မန်ယူအသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ(၁၈)ပွဲကစားထားပြီး ရမှတ်(၂၈)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၈)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ၊ အကန်းဆက်ပြည်နယ်၊ Crater of Diamonds State Park ပန်းခြံမှာ အမျိုးသားတစ်ဦးက ၄.၈၇ ကာရက်ရှိ စိန်တစ်လုံးကောက်ရ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း