အမေရိကန်နိုင်ငံ၊ အကန်းဆက်ပြည်နယ်၊ Crater of Diamonds State Park ပန်းခြံမှာ အမျိုးသားတစ်ဦးက ၄.၈၇ ကာရက်ရှိ စိန်တစ်လုံးကောက်ရ
ရောင်နီ (NSS) - ဒီဇင်ဘာ ၂၅
အမေရိကန်နိုင်ငံ၊ အကန်းဆက်ပြည်နယ်မှာ အမျိုးသားတစ်ဦးက ရည်းစားနဲ့အတူ ပြည်နယ်ပန်းခြံကို သွားရောက်ခဲ့ရင်း စိန်ပွင့်ကြီးတစ်ခု ကောက်ယူရရှိခဲ့ပါတယ်။
ပြည်နယ်ရှိ Crater of Diamonds State Park ပန်းခြံတစ်ခုမှာ အီဗန်ဆိုတဲ့အမျိုးသားတစ်ဦးက ဖန်စတစ်ခုလို့ ထင်မှတ်ထားတဲ့ ဂျယ်လီစေ့အရွယ် ၄.၈၇ ကာရက်ရှိ စိန်တစ်ပွင့်ကို ကောက်ယူရရှိခဲ့တာဖြစ်ပါတယ်။ သူက ပထမတော့ စိန်တစ်ပွင့်ဖြစ်တယ်ဆိုတာ မသိသေးပါဘူး။ ပိရမစ်ပုံစံလေးဖြစ်ပေမယ့် စိန်ပွင့်မှန်း မသေချာတာ ကြောင့် အိပ်ကပ်ထဲမှာပဲထည့်ကာ သိမ်းထားခဲ့ပါတယ်။
၁၉၇၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ အဆိုပါပြည်နယ်ပန်းခြံ Crater of Diamonds ဟာ စိန်အရင်းအမြစ်နေရာအဖြစ် နာမည်ကျော်ပါတယ်။ အီဗန်က ပန်းခြံမှ အိမ်ပြန်လာပြီးနောက် အဆိုပါစိန်ပွင့်လေးကို စိန်အစစ် ဟုတ်၊ မဟုတ် သိရဖို့ အမေရိကန် Gemological Institute ကို ပေးပို့ခဲ့ပါတယ်။
ရက်သတ္တပတ်အနည်းငယ်အကြာမှာ Institute က ၎င်းဟာ စိန်အစစ်ဖြစ်တဲ့အကြောင်း ပြန်လည်အကြောင်းကြား လာခဲ့ပါတယ်။ အဲဒီနောက် အီဗန်က တွေ့ရှိမှုနဲ့ပတ်သက်ပြီး ပန်းခြံကို ဆက်သွယ်ခဲ့ပါတယ်။ ပန်းခြံကလည်း ၎င်းဟာ ၂ဝ၂ဝ ပြည့်နှစ်က ၉.ဝ၇ ကာရက်ရှိ အညိုရောင်စိန် တွေ့ရှိပြီးနောက်ပိုင်း တွေ့ရှိတဲ့ အကြီးဆုံးစိန်ဖြစ် တယ်လို့ ပြောကြားခဲ့ပါတယ်။
ပန်းခြံကို လာရာက်လည်ပတ်သူတွေဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို စိန်တစ်လုံးမှ ၂ လုံးအထိ တွေ့ရှိရလေ့ရှိပြီး ၂ဝ၂၃ ခုနှစ်အတွင်း စိန် ၇၉၈ လုံးထိ ပန်းခြံထဲမှ ကောက်ရခဲ့တယ်လို့ သိရပါတယ်။
ပန်းခြံတည်ရှိရာ Pike County ဧရိယာမှာ ပထမဆုံး စိန်ကို ၁၉ဝဝ ပြည့်နှစ်များ အစောပိုင်းက တွေ့ရှိခဲ့ပြီး ကတည်းက Crater of Diamonds မှာ ဒီနေ့ထိအတွင်း စိန်ပေါင်း ၇၅ဝဝဝ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်တယ်လို့ ပန်းခြံရဲ့ဝက်ဘ်ဆိုဒ်အရ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒီနေ့ ဒီဇင်ဘာလ ၂၄ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ