Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရှမ်းမြောက်ကို တိုက်ခိုက်မယ့်အစီအစဥ် တရုတ်ကြိုသိနေခဲ့ပြီး နှုတ်ဆိတ်နေဖို့ သဘောတူနိုင်ခဲ့တယ်လို့ TNLA ပြော

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၄ 

တအောင်းလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၎င်းတို့ဟာ မြန်မာတပ်မတော်ကို အခြားလက်နက်ကိုင် အဖွဲ့နှစ်ခုနဲ့ပူးပေါင်းပြီး မတိုက်ခိုက်ခင် တရုတ်နိုင်ငံက ၎င်းတို့ကို ဆက်သွယ်ခဲ့တယ်လို့ ပြောဆိုလိုက်ကြောင်း ဂျပန်အခြေစိုက် NHK သတင်းဌာနမှာ ဖော်ပြထားပါတယ်။

တအောင်းလက်နက်ကိုင် (TNLA) ဟာ ကိုးကန့်လက်နက်ကိုင်အဖွဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်မတော်စခန်းတွေကို အောက်တိုဘာ ၂၇ ရက်က စတင်တိုက်ခိုက်ခဲ့ကြောင်း သိရပါ တယ်။

TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူက "အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နဲ့အတူ တိုက်ပွဲစတင်ခဲ့ပြီး နောက်ပိုင်းမှာ ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေနဲ့အတူ ထိုးစစ်တွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေဟာ အခု တစ်လအတွင်းမှာပဲ စစ်ဘက်ဆိုင်ရာအဆောက်အအုံ ၅ဝ လောက်ကို သိမ်းပိုက် နိုင်ခဲ့ပါတယ်" လို့ ပြောခဲ့ပါတယ်။


အဲဒီပူးပေါင်းတိုက်ခိုက်မှုတွေရဲ့ရည်မှန်းချက်တွေကတော့ အရပ်သားတွေရဲ့အသက်အိုးအိမ်နဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ဖို့၊ စစ်အာဏာရှင်တွေကို ဖြုတ်ချဖို့၊ အင်တာနက်နဲ့ စမတ်ဖုန်းတွေကတစ်ဆင့် ငွေလိမ်တဲ့သူတွေကို နှိမ်နင်းဖို့ ဖြစ်တယ်လို့ TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူက ထပ်မံပြောခဲ့ပါတယ်။

အွန်လိုင်းအသုံးပြုကာ တရုတ်က ငွေလိမ်တဲ့အဖွဲ့တွေဟာ တရုတ်နယ်စပ်အနီး ရှမ်းပြည်နယ်က နယ်မြေတွေမှာ အခြေစိုက်နေကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့ပါတယ်။ TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူက "အဲဒီ ငွေလိမ်သူတွေကို နှိမ်နင်းပေးဖို့ တရုတ်အစိုးရက အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရဟာ ငွေကြေးရယူပြီး သူတို့ကို အကာအကွယ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာနေပါတယ်။

အွန်လိုင်းအသုံးပြုကာ ငွေလိမ်နေတဲ့ဂိုဏ်းတွေကို နှိမ်နင်းဖို့ တရုတ်နိုင်ငံကစီစဉ်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့တွေက အဲဒီအစီအစဉ်အတိုင်း လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်" လို့ ပြောပါတယ်။


အဆိုပါတိုက်ခိုက်မှုတွေမစတင်ခင် တရုတ်နိုင်ငံဟာ လက်နက်ကိုင်အဖွဲ့တွေဆီကနေ ပူးပေါင်းဆောင်ရွက်မှု ရရှိဖို့ ကြိုးပမ်းခဲ့သလို လက်နက်ကိုင်အဖွဲ့တွေက လိုလိုလားလား လက်ခံခဲ့ကြောင်း၊ တရုတ်ဟာ လက်နက်ကိုင်အဖွဲ့တွေ က တပ်မတော်ကို တိုက်ခိုက်မယ့်အစီအစဉ်နဲ့ပတ်သက်ပြီး ကြိုသိနေခဲ့ကြောင်း၊ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထပ်မံပြောဆိုထားပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ တပ်မတော်ကို လက်နက်ကိုင်အဖွဲ့တွေ တိုက်ခိုက်မယ့် အစီအစဉ်ကိုကြိုသိခဲ့ပေမယ့် နှုတ်ဆိတ်နေပေးဖို့ သဘောတူညီခဲ့ကြောင်း ၎င်းက သူရဲ့အမြင်ကို ထပ်မံပြောဆိုခဲ့ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ချစ်သူသက်တမ်း ၁၂ နှစ်ရှိပြီဖြစ်တဲ့ ဖိလစ်ပိုင်သရုပ်ဆောင်ကင်ချူနဲ့ ရှန်းလင်တို့စုံတွဲ လမ်းခွဲပြတ်ဆဲ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved