တက္ကသိုလ်(၂)ခု နှင့် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ခေါ်ယူနေ
စော (NSS) - ဒီဇင်ဘာ ၂၅
အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန အပါအဝင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ခေါ်ယူနေကြောင်း သိရသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဒီဇင်ဘာ ၂၄ရက် တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်း ဖြစ်သည်။
အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန အပါအဝင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့အတွက် နည်းပြ/သရုပ်ပြ၊ အငယ်တန်းစာရေးနှင့် စာကြည်တိုက်လက်ထောက် (၅) ရာထူးနေရာများကို ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ယာဉ်မောင်း(၅)၊ ရုံးအကူ နှင့် သန့်ရှင်းရေးအကူ/လုပ်သား/အစောင့် ရာထူးနေရာများကိုလည်း ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို တာဝန်ထမ်းဆောင်လိုသည့် ဌာန/ တက္ကသိုလ်များတွင် အခမဲ့ရယူနိုင်ပြီး လာမည့် ဇန်နဝါရီလ ၁၉ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
နည်းပြ/သရုပ်ပြ၊ အငယ်တန်းစာရေးနှင့် စာကြည်တိုက်လက်ထောက် (၅) ရာထူးနေရာ လျှောက်ထားသူများသည် ရေးဖြေစာမေးပွဲနှင့် လူတွေ့စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယာဉ်မောင်းရာထူးနေရာအတွက် ယာဉ်မောင်းကျွမ်းကျင်မှုစစ်ဆေးခြင်း နှင့် လူတွေ့စစ်ဆေးခြင်းခံရမည် ဖြစ်ပြီး ရုံးအကူ၊ သန့်ရှင်းရေးအကူ၊ လုပ်သား၊ အစောင့် ရာထူးနေရာများအတွက် လူတွေ့စစ်ဆေးခံရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းမြောက်ကို တိုက်ခိုက်မယ့်အစီအစဥ် တရုတ်ကြိုသိနေခဲ့ပြီး နှုတ်ဆိတ်နေဖို့ သဘောတူနိုင်ခဲ့တယ်လို့ TNLA ပြော
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း