၂ဝ၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူမှာ (၁၄ဝဝဝဝ)ကျော် အထိရှိနေ
စော (NSS) - ဒီဇင်ဘာ ၂၄
၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန်အတွက် စာရင်းပေးသွင်းထားသူမှာ (၁၄ဝဝဝဝ)ကျော်အထိ ရှိနေကြောင်း ပညာရေးဝန်ကြီးဒေါက်တာညွန့်ဖေက ပြောသည်။
၎င်းက ယမန်နေ့(ဒီဇင်ဘာ ၂၃ ရက်) တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသော တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနမှ တာဝန်ရှိသူများနှင့် စာဖြေဆိုသူများ လိုက်နာရန် စည်းကမ်းချက်များ ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် မတ်လ(၁၁)ရက်နေ့မှ မတ်လ(၁၉)ရက်နေ့အထိ ပိတ်ရက်မရှိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုရန်အတွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၅၂ဝဝ) ခန့် စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း ဒေါက်တာညွန့်ဖေက ဆိုသည်။
အဆိုပါ စာမေးပွဲသည် နိုင်ငံတော်အဆင့် ကျင်းပသည့်စာမေးပွဲဖြစ်၍ အလွန်အရေးကြီးပြီး KG+12 စနစ်သစ်ပညာရေး၏ ပထမဦးဆုံးစာမေးပွဲဖြစ်ကာ ဆရာ၊ ဆရာမများအနေဖြင့် စာမေးပွဲလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ ကျင်းပနိုင်ရေး ဆောင်ရွက်သွားရန် ၎င်းက တိုက်တွန်းထားသည်။
စာမေးပွဲကျင်းပစဉ်အချိန်တွင် အခက်အခဲများရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန နှင့် ပညာရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူများထံ သတင်းပေးပို့နိုင်ပြီး ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်ချက်များကို အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဟု ၎င်းက ထပ်မံအသိပေးသည်။
ပြီးခဲ့သော ၂ဝ၂၃ ခုနှစ်၊ စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူဦးရေ (၁၆၁၈၅ဝ) ဦးရှိခဲ့ပြီး အောင်မြင်သူဦးရေ (၁ဝ၉၈၅၁)ဦး ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ စကားစစ်ထိုးပွဲ အနည်းဆုံး ၁ဝ ကြိမ် လုပ်ဆောင်လိုကြောင်း ဒေါ်နယ်ထရမ့်ပြော
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း