တောင်ကိုရီးယား၊ ဂျယ်ဂျူမှာ နှင်းထူထပ်စွာ ကျဆင်းမှုများဖြစ်ပွားခဲ့
ရောင်နီ(NSS) - ဒီဇင်ဘာ ၂၄
တောင်ကိုးရီးယားမှာ ဆီးနှင်းထူထပ်စွာကျရောက်ပြီး အအေးပိုတဲ့ ရာသီဥတုအခြေအနေကြောင့် ဂျယ်ဂျူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်ပျံသန်းမှု လုပ်ငန်းစဉ်များ အပါအဝင် တစ်နိုင်ငံလုံး ခရီးသွားလာရေးအတွက် အနှောင့် အယှက်ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။
ဆီးနှင်းများ ထူထပ်စွာကျဆင်းပီး လေပြင်းတိုက်ခတ်မှုကြောင့် လေယာဉ်ပြေးလမ်းတွေကို သောကြာနေ့ (ဒီဇင်ဘာလ ၂၂ ရက်)၊ နံနက်ပိုင်းက ဆိုင်းငံ့ထားရခြင်းကြောင့် ထွက်ခွာမယ့် ခရီးသည် ၈,၀၀၀ ကျော် ဂျယ်ဂျူကျွန်း လေဆိပ်မှာ သောင်တင်နေခဲ့တယ်လို့ သိရပါတယ်။ သောကြာနေ့(ဒီဇင်ဘာလ ၂၃ ရက်) မွန်းလွဲပိုင်းအထိ ဂျယ်ဂျူကျွန်း အသွားအလာ ခရီးစဉ် အဝင် ၁၃၇ ခုနဲ့ အထွက် ၁၂၂ ခု၊ စုစုပေါင်း ၂၆၀ ကျော် ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။
လမ်းပေါ်ရှိ ဆီးနှင်း ဖယ်ရှားရေး လုပ်ငန်းများ ပြီးစီးပြီးနောက် ၇ နာရီကျော်အကြာမှာမှ လေဆိပ်ပြန်လည်လည်ပတ်လာခဲ့တယ်လို့သိရပါတယ်။ ရာသီဥတု အအေးလှိုင်းဟာ သောကြာနေ့(ဒီဇင်ဘာလ ၂၃ ရက်) နံနက်က အထွတ်အထိပ်ထိ ရောက်ရှိသွားခဲ့ပြီး အနုတ် ၁၄ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ တစ်နာရီကို ၅၅ ကီလိုမီတာကျော် အရှိန်ပြင်းတဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ဒေသအများစုမှာ အအေးဓာတ်ပိုလာတယ်လို့ တောင်ကိုရီးယား သတင်း စာ Yonhap က ပြောကြားခဲ့ပါတယ်။
အအေးဓာတ်ပိုခြင်းကြောင့် ယာဉ်မတော်တဆမှုများ၊ ယာဉ်များ သောင်တင်ခြင်း၊ လမ်းချော်ခြင်းစတဲ့ ပြဿနာတွေလည်း ရှိလာခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ဒေါ်လာ ၈၈၆ ဘီလျံကျော်အသုံးပြုမယ့်ကာကွယ်ရေးအသုံးစရိတ်ဥပဒေမူကြမ်းကို ဥပဒေအဖြစ်ပြောင်းလဲဖို့ အမေရိကန်သမ္မတ လက်မှတ်ရေးထိုး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ