ဟူသီလက်နက်ကိုင်အဖွဲ့၏ ကုန်တင်သင်္ဘောများကိုတိုက်ခိုက်မှုတွင် အီရန်နိုင်ငံပါဝင်ပတ်သက်နေကြောင်း အမေရိကန်အစိုးရစွပ်စွဲပြောဆို
Pika (NSS) - ဒီဇင်ဘာ ၂၃
ပင်လယ်နီအတွင်းရှိ သင်္ဘောများကို ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့၏တိုက်ခိုက်မှုများတွင် အီရန်နိုင်ငံ အဓိကပါဝင်ပတ်သက်နေကြောင်း အမေရိကန်နိုင်ငံက ဒီဇင်ဘာ လ(၂၂)ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။
အီရန်နိုင်ငံသည် ဟူသီလက်နက်ကိုင်အဖွဲ့ကို ဒရုန်းများ၊ ဒုံးကျည်များနှင့် မဟာဗျူဟာမြောက်ထောက်လှမ်းရေးများ ထောက်ပံ့ပေးခဲ့ကြောင်း အမေရိကန်ကစွပ်စွဲပြောဆိုထားသည်။ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Adrienne Watson က"ပင်လယ်နီအတွင်းမှာရှိတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေတဲ့လုပ်ရပ်တွေမှာ အီရန်နိုင်ငံက အဓိကပါဝင်ပတ်သက်နေတယ်ဆိုတာ ကျွန်မတို့သိပါတယ်။ ဒါဟာ ဒေသတွင်းမှာ မတည်မငြိမ်မှုကိုဖြစ်စေတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ လုပ်ရပ်တွေကို အီရန်က ရေရှည်ကူညီထောက်ပံ့မှုတွေနဲ့ အားပေးမှုတွေ လုပ်ဆောင်နေတာပါ။ ဟူသီလက်နက်ကိုင်အဖွဲ့ကို ဒီလိုမဆင်မခြင် အပြုအမူတွေ မလုပ်ကြဖို့ အီရန်နိုင်ငံက ဖျောင်းဖျနေတယ်ဆိုတာ လုံးဝယုံစရာအကြောင်းမရှိပါဘူး"ဟုပြောဆိုခဲ့သည်။
အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့သည် အစ္စရေး-ဟားမက်စစ်ပွဲအတွင်း ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံကြောင်းပြောဆိုကာ ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်းသိရသည်။ အမေရိကန်နှင့်၎င်း၏မိတ်ဖက်နိုင်ငံများသည် အဆိုပါတိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားမှုများ လုပ်ဆောင်ရန် စီစဉ်ခဲ့ကြောင်းလည်းသိရသည်။
ပင်လယ်နီအတွင်းရှိ သင်္ဘောများကိုကာကွယ်ရန်အတွက် နိုင်ငံပေါင်း(၂၀)ကျော်ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ် ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မိုးရွာသွန်းမှုနှင့်အတူ ရေကြီးမှုများကြောင့် အနည်းဆုံးလူ(၃၁)ဦးသေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ