အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မိုးရွာသွန်းမှုနှင့်အတူ ရေကြီးမှုများကြောင့် အနည်းဆုံးလူ(၃၁)ဦးသေဆုံး
Pika (NSS) - ဒီဇင်ဘာ ၂၃
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူပြည်နယ်တွင် ယခုသီတင်း ပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ ရေကြီးမှုများကြောင့် အနည်းဆုံးလူ(၃၁)ဦးသေဆုံးခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီး Nirmala Sithraman က ဒီဇင်ဘာလ(၂၂)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် ရေကြီးမှုကြောင့် အချို့နေအိမ်များအတွင်း ပိတ်မိနေသူများထံ ရောက်ရှိရန်အတွက် ရုန်းကန်နေရကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံ အရှေ့ တောင်ပိုင်းကမ်းရိုးတန်းကို ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် တမီးလ်နာဒူပြည်နယ်ရှိ ခရိုင်အများအပြားမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရပ်ကွက်များ၊ လမ်းများနှင့် မီးရထားလမ်းများ ရေနစ်မြုပ်သွားခဲ့ကြောင်းသိရသည်။
ဘဏ္ဍာရေးဝန်ကြီး Nirmala Sithraman က "သေဆုံးသူအရေ အတွက်က ထပ်မံတိုးမြင့်လာနိုင်ဖွယ်ရှိနေပါတယ်။ လူပေါင်း(၄) သောင်းကျော်ကိုတော့ ကယ်ဆယ်ပြီးပါပြီ။ ပြီးတော့ ပိတ်မိနေသူတွေဆီကို ရောက်ရှိဖို့အတွက် ကယ်ဆယ်ရေးသမားတွေက အကောင်းဆုံးကြိုးပမ်းအားထုတ်နေပါတယ်"ဟုပြောဆိုခဲ့သည်။
တမီးလ်နာဒူပြည်နယ်သည် အိန္ဒိယနိုင်ငံတွင် အီလက်ထရွန်းနစ်ပစ္စည်းများနှင့် ထုတ်လုပ်မှုအချက်အချာ အဓိကဒေသများထဲမှ တစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ပြည်နယ်တောင်ပိုင်းရှိ ရပ်ကွက်အချို့သည် ဒီဇင်ဘာလ(၂၂)ရက်အထိ ရေနစ်မြုပ်နေဆဲဖြစ်ကြောင်းသိရသည်။
ကယ်ဆယ်ရေးသမားတစ်ဦးဖြစ်သည့် M. Balamurugan က "အဆိုးဆုံးရေဘေးဒဏ်သင့်ခဲ့တဲ့နေရာတွေမှာ စားနပ်ရိက္ခာတွေနဲ့လိုအပ်တာတွေကို သွားရောက်ကူညီပေးဖို့အတွက် လှေရရှိဖို့အတွက်တောင် ကျွန်တော်တို့ရုန်းကန်နေရပါတယ်"ဟု ပြောဆိုခဲ့သည်။
တမီးလ်နာဒူပြည်နယ်တွင် ယခုသီတင်းပတ်အတွင်း မိုးရေချိန် (၆၄)မီလီမီတာထိ ရွာသွန်းခဲ့ပြီး ယခုနှစ်တွင် ပုံမှန်ရွာသွန်းနိုင် ခြေရှိသည့် (၂၀)မီလီမီတာထက် သုံးဆပိုများကြောင်း မိုးလေဝ သဌာနက ပြောကြားခဲ့သည်။ တမီးလ်နာဒူပြည်နယ်ရှိ နေရာအချို့တွင် လာမည့်(၅)ရက်အတွင်း မိုးပိုမိုရွာသွန်းနိုင်ဖွယ်ရှိကြောင်း မိုးလေဝသဌာနကခန့်မှန်းပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂက ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲဖို့တောင်းဆိုပေမယ့် စစ်ပွဲကို ဆက်တိုက်သွားမယ်လို့ အစ္စရေးအစိုးရပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ