ကုလသမဂ္ဂက ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲဖို့တောင်းဆိုပေမယ့် စစ်ပွဲကို ဆက်တိုက်သွားမယ်လို့ အစ္စရေးအစိုးရပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၃
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဂါဇာဒေသစစ်ပွဲ ယာယီအပစ်ခတ်ရပ်စဲထားဖို့ တိုက်တွန်းတောင်းဆိုခဲ့ပေမယ့် အစ္စရေးကတော့ ဟားမက်စ်ခေါင်းဆောင်တွေကိုအပြီးသတ် သုတ်သင်နိုင်ချိန်အထိ စစ်ပွဲကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲဖို့ တိုက်တွန်းတောင်းဆိုမယ့်ဆုံးဖြတ် ချက်ခွင့်ပြုနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကြားတွေ့ဆုံဆွေးနွေးခဲ့ပေမယ့် အမေရိကန်အစိုးရက ဗီတိုအာဏသုံး ပိတ်ပင်ထားဆီးခဲ့တဲ့အတွက် ဆုံးဖြတ်ချက်ချမှတ်ဖို့ နှောင့်နေးခဲ့ရပါတယ်။ ဒါပေမယ့်အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ စကားလုံးအသုံးနှုန်းပြင်ဆင်ခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ရာ အမေရိကန်နိုင်ငံက ကန့်ကွက်မှုမရှိဘဲကြားနေအဖြစ်သာ ရပ်တည်ခဲ့ပါတယ်။
အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အလီကိုဟန်က "အစ္စရေးနိုင်ငံက တော့ စစ်ပွဲကို ဆက်တိုက်သွားမှာပါ။ ဒီစစ်ပွဲကတရားဝင်တယ်" လို့ပြောပါတယ်။
အစ္စရေးစစ်တပ်အနေနဲ့ ဂါဇာမြို့အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ကြောင်းဆိုပါတယ်။အစ္စရေးနဲ့ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးက အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀၀၀၀ ကျော် သေဆုံးထားပြီး လူပေါင်း ၅၀၀၀၀ ကျော် ဒဏ်ရာရထားကြောင်းသိရပါတယ်။
အစ္စရေးစစ်ဘက်ကပြောရေးဆိုခွင့်ရှိသူတစ်ဦးက အစ္စရေးစစ်တပ်ဟာ ဟားမက်စ်အဖွဲ့ ရဲ့ဝင်္ကပါလို ရှုပ်ထွေးတဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတွေကို ဖျက်ဆီးနေကြောင်း၊ ဟားမက်စ်ခေါင်းဆောင်တွေ အခြေစိုက်နေတဲ့ ဥမင်လိုဏ်ခေါင်းရုံးချုပ်ကို တိုက်ခိုက်သွားမှာဖြစ်ကြောင်းပြောပါတယ်။
အစ္စရေးဟာ ဟားမက်စ်အဖွဲ့ခေါင်းဆောင်တွေကိုအမြစ်ပြတ်ချေမှုန်းနိုင်ဖို့ နဲ့ ပြန်ပေးဆွဲခံထားရသူတွေအမြန်ဆုံး ပြန်လွှတ် ပေးဖို့ရည်ရွယ်ချက်နဲ့ ဂါဇာဒေသကို အောက်တိုဘာလ ၇ ရက်ကတည်းက တိုက်ခိုက်နေခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Honda က ဆီပန့်ပြဿနာကြောင့် ၎င်းရဲ့ ကားအစီးရေ (၃)သန်းနီးပါးကို ပြန်လည်သိမ်းဆည်း
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း