Honda က ဆီပန့်ပြဿနာကြောင့် ၎င်းရဲ့ ကားအစီးရေ (၃)သန်းနီးပါးကို ပြန်လည်သိမ်းဆည်း
ရောင်နီ (NSS) - ဒီဇင်ဘာ ၂၃
Honda ဟာ ၎င်းရဲ့ကားတွေမှာ လောင်စာဆီစုပ်စက် ပြဿနာကြောင့် ကားတွေမောင်းနှင်နေစဉ် ပါဝါရပ်တန့်သွားတာမျိုးဖြစ်မှာ စိုးရိမ်ခြင်းကြောင့် အမေရိကန်မှာ ၎င်းရဲ့ ကားများ၊ SUV များ၊ ဗင်ကားများနဲ့ ပစ်ကပ်ကား အစီးရေ ၂ ဒသမ ၆ သန်းကို ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
Honda ဟာ အလားတူကိစ္စရပ်နဲ့ ၂၀၂၁ ခုနှစ်ကလည်း ကားအစီးရေ ၆၂၀,၀၀၀ ကျော်ကို ပြန်လည်သိမ်းဆည်းခဲ့ရဖူးပါတယ်။ အခုနောက်ဆုံးပြန်လည်သိမ်းဆည်းမှုမှာတော့ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က သိမ်းဆည်းမှုမှာ မပါဝင်ခဲ့တဲ့ မော်တော်ကားအသစ်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ပြန်လည်သိမ်းဆည်းထားတဲ့ မော်ဒယ်တွေမှာ 2019 နဲ့ 2020 ခုနှစ်ထုတ် Honda Accord၊ 2019 Honda Odyssey၊ 2019 Honda Pilot၊ 2019 Honda Ridgeline နဲ့ အခြားသော ဇိမ်ခံကား အမျိုးအစားတွေဖြစ်တဲ့ Honda နဲ့ Acura မော်ဒယ်များစွာတို့ ပါဝင်ပါတယ်။
ဝယ်ယူပြီးတဲ့ ယာဉ်ပိုင်ရှင်တွေ အတွက်လည်း လောင်စာဆီပန့်ကို အခကြေးငွေမယူဘဲ အစားထိုး လဲလှယ်ဖို့ ၎င်းတို့ရဲ့ မော် တော်ယာဉ်ကို Honda သို့မဟုတ် Acura အရောင်းကိုယ်စား လှယ်တွေနဲ့ ချိတ်ဆက်ပေးမယ်လို့ ဆိုပါတယ်။
ဒါ့ပြင် သိမ်းဆည်းထားတဲ့ ယာဉ်အားလုံးကို တစ်ပြိုင်နက်တည်း ပြုပြင်ဖို့ လုံလောက်တဲ့ အစိတ်အပိုင်းတွေ မရရှိနိုင်သေးတာကြောင့် အချိန်အနည်းငယ်ယူရမှာဖြစ်ပြီး ပြီးစီးတာနဲ့ အကြောင်း ကြားမယ်လို့ Honda က မှတ်ချက်ပြုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိပ်ပျော်နေသည့် မူလတန်းပြဆရာမနှင့် အစ်မဖြစ်သူတို့ကို PDFအဖွဲ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု ဖြူးမြို့နယ်၌ ဖြစ်ပွား
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း