ယူကရိန်းနိုင်ငံသားအားလုံး တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း လုံခြုံရေးအကြီးအကဲပြော
Pika (NSS) - ဒီဇင်ဘာ ၂၃
ရုရှား နှင့် ပဋိပက္ခဖြစ်ပွားနေချိန်တွင် စစ်ဘက်ဆိုင်ရာအဖွဲ့ဝင်များသာမက ယူကရိန်းနိုင်ငံသားအားလုံး နိုင်ငံအတွက်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ယူကရိန်းအမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး အလက်ဆေးဒန်နီလော့ဗ်ကပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံသားအချို့သည် တိုက်ပွဲများကိုမျက်ကွယ်ပြုထားကြောင်း အလက်ဆေးဒန်နီလော့ဗ်က ပြောဆိုခဲ့သည်။ ၎င်းက "စစ်ပွဲဆိုတာ စစ်တပ်အတွက်ပဲဆိုတဲ့ ယုံကြည်ချက်မျိုးမရှိသင့်ပါဘူး။ ဒီလိုယုံကြည်ချက်မျိုးက နိုင်ငံအဆုံးသတ်သွားပါလိမ့်မယ်။ဒါက အလုပ်မဖြစ်ပါဘူး။ လူတိုင်းဟာ ဒီစစ်ပွဲထဲမှာ ပါဝင်သင့်ပါတယ်။ တစ်ယောက်က တိုက်ပွဲဝင်နေတဲ့အချိန်မှာ အခြားလူတွေက ကာစီနိုမှာ သွားပြီးပျော်ပါးနေကြပါတယ်။ ဒါကလုံးဝ မတရားပါဘူး"ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ယူကရိန်း၏စစ်သားစုဆောင်းရေးလုပ်ငန်းများသည် တစ်ရက် သို့မဟုတ် တစ်လတည်းပင် ကြာမြင့်မည်မဟုတ်ကြောင်းနှင့် လုပ်ငန်းစဉ်တစ်ခုလုံးမှာ အနည်းဆုံးတစ်နှစ်ခန့် ကြာမြင့်နိုင်ဖွယ်ရှိကြောင်း အလက်ဆေးဒန်နီလော့ဗ်က မှတ်ချက်ပြုပြောဆိုခဲ့သည်။ ယူကရိန်းစစ်တပ်က နောက်ထပ်လူပေါင်း (၅)သိန်းခန့်ကို ထပ်မံခေါ်ယူရန် အဆိုပြုခဲ့ပြီး နောက်ထပ်အမေရိကန်ဒေါ်လာ(၁၃ ဒသမ ၃)ဘီလီယံ ခွဲဝေပေးစေလိုနေကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ယခုသီတင်းပတ်အစောပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အလက်ဆေးဒန်နီလော့ဗ်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ယူကရိန်းအာဏာပိုင်များသည် စစ်ဘက်ဆိုင်ရာရာထူးများကို ပေးအပ်ရာတွင် တရားမျှတမှုကို ဦးစားပေးရမည်ဖြစ်ကြောင်းလည်း ၎င်းကပြောဆိုခဲ့သည်။ ရုရှား-ယူကရိန်းပဋိပက္ခစတင်ကတည်းက နိုင်ငံတွင်းမှထွက်ခွါသွားသော ယူကရိန်းနိုင်ငံသားအားလုံးကို လူသစ်စုဆောင်းရေးဌာနများသို့ သတင်းပို့အကြောင်းကြားရန် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး မလိုက်နာပါက ပိတ်ဆို့အရေးယူမှုများနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး Rustem Umerov ကပြောကြားခဲ့သည်။ ပြည်သူများကို စစ်မှုထမ်းရန် လှုံ့ဆော်မှုမရှိဘဲ အတင်းအကြပ်ခိုင်းစေခြင်းသည် စစ်တပ်ကို အားကောင်းစေမည်မဟုတ်ကြောင်း ယူကရိန်းထောက်လှမ်းရေးအကြီးအကဲ ကီရေးဘူဒါနော့ဗ်က ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟူသီလက်နက်ကိုင်အဖွဲ့၏ ကုန်တင်သင်္ဘောများကိုတိုက်ခိုက်မှုတွင် အီရန်နိုင်ငံပါဝင်ပတ်သက်နေကြောင်း အမေရိကန်အစိုးရစွပ်စွဲပြောဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ