ရုရှား၏ Su-34 ဗုံးကြဲလေယာဉ်(၃)စင်းကို အောင်မြင်စွာပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတ ထုတ်ဖော်ပြောဆို
Pika (NSS) - ဒီဇင်ဘာ ၂၃
ယူကရိန်းတပ်ဖွဲ့များသည် ဒီဇင်ဘာလ(၂၂)ရက်တွင် နိုင်ငံတောင်ပိုင်းရှိ ရှေ့တန်းစစ်မျက်နှာပြင်တွင် ရုရှား၏ Su-34 ဗုံးကြဲလေ ယာဉ်(၃)စင်းကို အောင်မြင်စွာပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးနှင့်စစ်ဘက်ဆိုင်ရာ အရာရှိများက ပြောကြားခဲ့သည်။
ရုရှား၏ Su-34 ဗုံးကြဲလေယာဉ်(၃)စင်းကို အောင်မြင်စွာပစ်ချနိုင်ခဲ့သည့်အတွက် ယူကရိန်းသမ္မတဇီလန်စကီးက ချီးကျူးစကားများပြောဆိုခဲ့ကြောင်းလည်းသိရသည်။ အဆိုပါဖြစ်ရပ်နှင့်ပတ် သက်ပြီး ရုရှားစစ်တပ်က သတင်းထုတ်ပြန်ထားခြင်းမျိုးမရှိသေးကြောင်းသိရသည်။ သို့သော်လည်း အဆိုပါဖြစ်ရပ်မှာ မှန်ကန်ကြောင်း ရုရှား bloggers များက အတည်ပြုခဲ့ပြီး ယူကရိန်းသည် အမေရိကန်ကထောက်ပံ့ပေးထားသော ပက်ထရီယော့ဒုံးကျည်များကို အသုံးပြုခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက အကြံပြုပြောဆိုခဲ့သည်။
ယူကရိန်းလေတပ် တပ်မှူး Mykola Oleshchuk က "ဒီနေ့ နေ့လည်ပိုင်းမှာ နိုင်ငံတောင်ပိုင်း ရှေ့တန်းစစ်မြေမျက်နှာပြင်မှာ ရုရှားရဲ့ Su-34 ဗုံးကြဲလေယာဉ်(၃)စင်းကို အောင်မြင်စွာပစ်ချနိုင်ခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။
ရုရှား၏ Su-34 ဗုံးကြဲလေယာဉ် (၃)စင်းကို ပစ်ချနိုင်မှုအား ပြောင်မြောက်စွာ စီစဉ်ထားသော စစ်ဆင်ရေးတစ်ခုအဖြစ် ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူ Yuri Ihnatက ဖော်ပြပြောဆိုခဲ့ကြောင်းသိရသည်။ ၎င်းက"ကျွန်တော်တို့ရဲ့ အပြုသဘောဆောင်တဲ့ စာရင်းဇယားတွေထဲမှာ Su-34 ဗုံးကြဲလေယာဉ်တွေကို ပစ်ချနိုင်တယ်ဆိုတာမျိုး မတွေ့ရတာကြာပါပြီ"ဟု ပြောဆိုခဲ့သည်။
ခါဆွန်ဒေသရှိလေယာဉ်များကို အောင်မြင်စွာပစ်ချနိုင်ခဲ့သည့် အတွက် အိုဒီဆာဒေသရှိ လေယာဉ်ဖျက်တပ်ဖွဲ့များကို ယူကရိန်းသမ္မတဇီလန်စကီးက ချီးကျူးခဲ့ကြောင်းလည်းသိရသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားကယူကရိန်းကို ကျူးကျော်တိုက် ခိုက်မှု စတင်လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ခါဆွန်ဒေသကို ရုရှားတပ်ဖွဲ့များက သိမ်းယူခဲ့ကြောင်းလည်းသိရသည်။ယူကရိန်းတပ်ဖွဲ့များသည် အဆိုပါနယ်မြေကို ပြန်လည်ရယူနိုင်ရန်ကြိုးပမ်းနေပြီး ပြီးခဲ့သည့်နိုဝင်ဘာလတွင် ခါဆွန်ဒေသရှိ Dnipro မြစ် အရှေ့ဖက်ခြမ်းမှာ ၎င်း၏တပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ချထားနိုင်ခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး၌ အင်တာနက် Wifi ကြိုးနှင့်ငြိကာ ဆိုင်ကယ် တိမ်းမှောက်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ