လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်အပြေးပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် စာရင်းပေးသွင်းထားသူ (၄၀၀၀) ဦးခန့်ရှိ
ကျော် (NSS) - ဒီဇင်ဘာ ၂၁
ရန်ကုန်မြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အဖြစ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်အပြေးပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရ အဖွဲ့ထံမှသိရသည်။
ပြိုင်ပွဲအား ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် လာမည့် ဒီဇင်ဘာလ ၂၇ ရက်၊ နံနက် ၆ နာရီမှစတင်ကာ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် အသက်(၁၈)နှစ်အထက် ၂၀ ကီလိုမီတာနှင့် (၁၈)နှစ်အောက် ၁၀ ကီလိုမီတာ အမျိုးသား/အမျိုးသမီး၊အသက်(၁၂)နှစ်အောက် (၃ ကီလိုမီတာ)အမျိုးသား/အမျိုးသမီးပြိုင်ပွဲဟူ၍ အမျိုးအစား ၃ ခုကိုထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ ပါဝင်ယှဥ်ပြိုင်ရန်စာရင်းပေးသွင်းထားသူ ၃၉၂၄ ဦးရှိပြီဖြစ်ကြောင်း တာဝန်ရှိသူ ဒေါ်မြတ်လေးနွယ်က NSS ကို ပြောသည်။
အသက်(၁၈)နှစ်အထက်နှင့်အသက်(၁၈)နှစ်အောက်ပြိုင်ပွဲများ၌ ပထမဆု ၅ သိန်းကျပ်၊ ဒုတိယဆု ၄ သိန်းကျပ်၊ တတိယဆု ၃ သိန်းကျပ်၊ စတုတ္ထဆု ၂ သိန်းကျပ်၊ ပဉ္စမဆု ၁၅၀၀၀၀ ကျပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ပန်းဝင်လာသည့် အမှတ်စဥ် (၆)မှ(၁၀)အထိအား ၁ သိန်းကျပ်စီဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပန်းဝင်လာသည့် အမှတ်စဥ်(၁၁)မှ(၅၀) အထိအား တစ်ဦးလျှင် ၅၀၀၀၀ ကျပ်စီ၊ အမှတ်စဥ် (၅၁) မှ (၁၀၀)အထိအား ၄၀၀၀၀ ကျပ်စီ၊ အမှတ်စဥ်(၁၀၁)မှ (၂၀၀)အထိအား ၃၀၀၀၀ ကျပ်စီ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အသက်(၁၂)နှစ်အောက် ၃ ကီလိုမီတာ အမျိုးသား/အမျိုးသမီးပြိုင်ပွဲတွင် ပထမဆု ၁၅ဝဝဝဝ ကျပ်၊ ဒုတိယဆု (၁)သိန်းကျပ်၊ တတိယဆု ၇ဝဝဝဝ ကျပ်၊ စတုတ္ထဆု ၅ဝဝဝဝ ကျပ်၊ ပဉ္စမဆု ၃ဝဝဝဝ ကျပ်၊ ပန်းဝင်လာသည့် အမှတ်စဉ်(၆)မှ (၁၀၀)ထိအား ၁ဝဝဝဝ ကျပ်စီ ဂုဏ်ပြုဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်ရောက်လိုသူများအနေဖြင့် ဖုန်း ၀၉ - ၇၉ဝ၄၇၃၂၄၃ ထံသို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့တွင် MARK II ကားပေါ်မှ ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း