မန္တလေးမြို့တွင် MARK II ကားပေါ်မှ ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၂၃
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် MARK II ကားပေါ်မှ ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော(ဒီဇင်ဘာလ ၁၉ ရက်)၊ ညနေ ၄ နာရီခွဲအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၅ လမ်း နှင့် ၆၅ လမ်းထောင့်တွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့ဝင်များက အဆိုပါလမ်းထောင့်တွင် ဟိန်းထက်အောင် မောင်းလာသည့် MARK II ကားအား စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်မှ ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းအားစစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၅ နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ရန်ကုန်-မန္တ လေးလမ်း နှင့် ရန်အောင်မင်္ဂလာလမ်းထောင့်တွင် အဆိုပါ မူးယစ်ဆေးဝါးများအား သယ်ဆောင်ခိုင်းသူ မနန်း(ခ)မရှမ်းမ(ခ)မနန်းရွှေလူအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးချက်များအရ အဆိုပါဖမ်းဆီးရမိခဲ့သည့် အိုက်စ်(မက်သ်အဖက်တမင်း)များကို ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းသို့ သယ်ဆောင်ရောင်းချခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သော (ဒီဇင်ဘာလ ၁၅) ရက်တွင်လည်း မန္တလေးမြို့တွင် ငွေကျပ်(၁၀ ဒသမ ၂၈)ဘီလီယံကျော်တန်ဖိုးရှိသည့် အိုက်စ် (မက်သ်အဖက်တမင်း)၊ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့သည်။
မန္တလေးမြို့တွင် ဖမ်းဆီးမိခဲ့သည့် မူးယစ်ဆေးဝါးများသည် ရှမ်းပြည်နယ်မှသယ်ဆောင်လာကာ ရန်ကုန်တိုင်းတွင် ရောင်းဝယ်ခြင်းများကို အများဆုံးပြုလုပ်မည်ဖြစ်ကြောင်း မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းမြောက်တိုက်ပွဲ နောက်ကွယ်လက်မည်းကြီးဟာ တရုတ်လား၊ တပ်မတော် အရေးနိမ့် ပြိုလဲတော့မည်လား (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း