ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား (၉၁)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်
ကျော်(NSS) - ဒီဇင်ဘာ ၂၃
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးခံရပြီးနောက် ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် မြန်မာနိုင်ငံသား (၉၁)ဦးကို ဒီဇင်ဘာ လ ၂၂ ရက်၊ နေ့လည်ပိုင်းက မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကိုကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ထိုင်းနိုင်ငံ၌ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသားများအား ရနောင်းခရိုင်တာဝန်ရှိသူများက ရနောင်းမြို့မှတဆင့် စက်လှေများဖြင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့မှ တာဝန်ရှိသူများနှင့်ချိတ်ဆက်ကာ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြန်လည်ပို့ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံသားများအား ရနောင်းခရိုင်တာဝန်ရှိသူများနှင့် မြန်မာအလုပ်သမားသံအရာရှိတို့မှ အသိပညာပေးဟောပြောမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကော့သောင်းမြို့သို့ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုး သား ၆၄ ဦး နှင့် အမျိုးသမီး ၃၃ ဦးတို့အား တာဝန်ရှိသူများကကြိုဆို၍ သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများမှ ကိုဗစ်(၁၉) ရောဂါရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သတ်မှတ်ထားသည့်နေရာများ၌ အသွားအလာကန့်သတ်စောင့်ကြည့်သွားမည်ဖြစ်ပြီး စောင့်ကြည့်ကာလပြီးဆုံး၍ ကိုဗစ်(၁၉) ရောဂါပိုးရှိ/မရှိ ထပ်မံစစ်ဆေးကာ မရှိပါက ၎င်းတို့၏နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Fast & Furious ရုပ်ရှင် သရုပ်ဆောင်ဗန်ဒိုင်ဆဲလ် လိင်ပိုင်းဆိုင် ရာပြစ်မှုနဲ့ စွပ်စွဲခံထားရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ