Fast & Furious ရုပ်ရှင် သရုပ်ဆောင်ဗန်ဒိုင်ဆဲလ် လိင်ပိုင်းဆိုင် ရာပြစ်မှုနဲ့ စွပ်စွဲခံထားရ
ရောင်နီ (NSS) - ဒီဇင်ဘာ ၂၃
ကမ္ဘာကျော်ရုပ်ရှင် "Fast & Furious” သရုပ်ဆောင် ဗန်ဒိုင်ဆဲလ်ဟာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်မှုနဲ့ တရားစွဲဆိုခြင်းကို ခံထားရပါတယ်။
အမှုကို Los Angeles Superior Court မှာ ကြာသပတေးနေ့ (ဒီဇင်ဘာလ ၂၀ ရက်)က တင်သွင်းခဲ့ပြီး ဒိုင်ဆဲလ်ရဲ့လက် ထောက်ဖြစ်သူ အက်စတာဂျိုနာဆန်က အတ္တလန်တာရှိ ဟိုတယ်ခန်းတစ်ခုမှာ အတင်းအကြပ် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်လို့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အဆိုပါဖြစ်ရပ်ဟာ ၂၀၁၀ ပြည့်နှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
တိုင်ကြားချက်မှာ မစ္စဂျိူနာဆန်က ဒိုင်ဆဲလ်ဟာ သူမငြင်းပယ်နေတဲ့ကြားက အတင်းအကြပ်အနီးရှိ ရေချိုးခန်းထဲကို ဆွဲခေါ်ကာ လိင်ပိုင်းဆိုင်ရာစော်ကားမှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကိုဗင်ဒိုင်ဆဲလ်ဘက်ကတော့ ပြတ်ပြတ်သားသားငြင်းဆိုထားပါတယ်။ မစ္စဂျိုနာဆန်ကတော့ အဆိုပါဖြစ်ရပ်ပြီးနောက် အလုပ်ထုတ်ခံခဲ့ရပြီး သူမက ဒိုင်ဆယ်လ်ရဲ့ကျူးလွန်မှုတွေအတွက် အရပ်ဘက် ဒဏ်ငွေ ဒေါ်လာ ၁၀,၀၀၀ နဲ့ ဒဏ်ကြေးငွေများ ချမှတ်ဖို့ တောင်းဆိုထားပါတယ်။
ဒိုင်ဆဲလ်ဟာ တီဗီနဲ့ ရုပ်ရှင် ၆၀ ကျော်မှာ ပါဝင်ခဲ့သရုပ်ဆောင်ခဲ့ပြီး "Fast & Furious” ဇာတ်ကားနဲ့ နာမည်ကျော်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေယာဉ်ပေါ်မှာ ဗုံးအတုနဲ့ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ထောင်ဒဏ် (၆)လ ချမှတ်ခံရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း