Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
KNDF၊ PDF အဖွဲ့များမှ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်ခဲ့ပြီး ၎င်းတို့အနေဖြင့် ပအိုဝ်းဒေသမှ အမြန်ဆုံးဆုတ်ခွာရန် တောင်းဆို

မျိုးကြီး (NP News) - မတ် ၁၅


KNDF နှင့်အပေါင်းပါများမှ ပအိုဝ်းဒေသ၌ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်ခဲ့ပြီး ၎င်းတို့အနေဖြင့် ပအိုဝ်းဒေသမှ အမြန်ဆုံးဆုတ်ခွာသွားရန် တောင်းဆိုခဲ့ကြသည်။


အဆိုပါကန့်ကွက်ရှုတ်ချပွဲကို ယနေ့(မတ်လ ၁၅ ရက်) နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်ရှိ တပေါင်းကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။


KNDF နှင့် PDF အပေါင်းအပါများမှ ပအိုဝ်းဒေသအတွင်း ပအိုဝ်းသံဃာတော်များနှင့် ပအိုဝ်းလူမျိုးများအား လူသားမဆန်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအပေါ် ကန့်ကွက်ရှုတ်ချပွဲကို ပအိုဝ်းတိုင်းရင်း သား သောင်းချီတက်ရောက်ကာ ကန့်ကွက်ရှုတ်ချခဲ့ကြောင်း သိရသည်။


ကန့်ကွက်ရှုတ်ချပွဲ၌ KNDF နှင့်အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ်းဒေသအတွင်းမှ အမြန်ဆုံးဆုတ်ခွာရေး၊ မြန်မာနိုင်ငံ နှင့် ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေး၊ ပအိုဝ်းဒေသအတွင်း ကျူးကျော်စစ် အတင်းဖန်းတီးမှုတို့ကို အလိုမရှိကြောင်း ပအိုဝ်းတိုင်းရင်းသားများက တောင်းဆိုခဲ့ကြသည်။


ထို့ပြင် အပြစ်မဲ့ပအိုဝ်းသံဃာတော်များနှင့် ပအိုဝ်းလူမျိုးများ သတ်ဖြတ်မှု အလိုမရှိ၊ သတင်းမှန် ဖုံးကွယ်ရေးသားဖော်ပြသော မီဒီယာများအလိုမရှိ၊ လူမှုရေးမှိုင်းတိုက်နေသော ပြည်တွင်းပြည်ပအဖျက်သမားများအား အလိုမရှိ၊ ပအိုဝ်းပြည်သူ လူထုပိုင်း ပစ္စည်းဥစ္စာများ အတင်းအဓမ္မခိုးယူနေသော အကြမ်းဖက်သမားများအား အလိုမရှိ၊ ကျေးရွာနှင့်လူနေအိမ်များ၊ ဒေသခံများအား လူသားဒိုင်းကာအဖြစ် အသုံးပြုမှုများ အလိုမရှိစသည့် ဆိုင်းဘုတ်များကိုင်ကာ ကန့်ကွက်ရှုတ်ချခဲ့ကြောင်း တွေ့ရှိရသည်။


“နန်းနိန်ရဲ့ ဖြစ်စဉ်အားလုံးဟာ မြန်မာ့တပ်မတော်ကလည်း မဟုတ်၊ ဒီဖြစ်စဉ်အားလုံးဟာ PNA လည်းမဟုတ်ဘူး။ အဲဒီတော့ အကြမ်းဖက်သမားဖြစ်တဲ့ KNDF ကနေစခဲ့တဲ့လုပ်ငန်းတွေ အားလုံးပဲဖြစ်ပါတယ်။ ဒါဆိုရင် အကုန်လုံးရှင်းလိမ့်မယ်။ အဲဒီတော့ နန်းနိန်ဆရာတော်ကို အကယ်၍ မြန်မာ့တပ်မတော် သတ်ခဲ့ရင်၊ အကယ်၍ PNA ကနေ သတ်ခဲ့ရင် ဖယ်ခုံမြို့နယ်မှ ဘာလို့သွားရွေးရတာတုန်း ဒါမေးခွန်းပဲ” ဟု ပအိုဝ်းဆရာတော်တစ်ပါးက ကန့်ကွက်ရှုတ်ချပွဲ၌ မေးခွန်းထုတ်မိန့်ကြားထားသည်။


တည်ငြိမ်အေးချမ်းလျက်ရှိသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ပင်လောင်းမြို့နယ်၊ လုံးပြင်ကျေးရွာအုပ်စုအတွင်းရှိ ပအိုဝ်းလူမျိုးများနေထိုင်သည့် တောင်မဲသင်းရွာ၊ လုံးပြင်ရွာ၊ ပင်ပွံရွာနှင့် နန်းနိန်ရွာများအတွင်းသို့ KNDF နှင့် အပေါင်းပါအဖွဲ့များက ယခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကျူးကျော်ဝင်ရောက်လာခဲ့ကြောင်း PNO က ပြောဆိုထားသည်။


ထိုသို့ ကျူးကျော်ဝင်ရောက်လာပြီးနောက် တပ်မတော်၊ ပအိုဝ်းအမျိုးသားတပ်မတော်နှင့် KNDF အဖွဲ့နှင့်အပေါင်းပါများအကြား တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီး နန်းနိန်ရွာဘုန်းကြီးကျောင်းရှိ ကျောင်းထိုင်ဆရာ တော်အပါအဝင် သံဃာ(၃)ပါးနှင့် ပအိုဝ်းတိုင်းရင်းသား (၂ဝ)ကျော်မှာ အစုလိုက်အပြံလိုက်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

zawgyi version




















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပင်လယ်နက်ဒေသမှာ ရုရှားတိုက်လေယာဉ်နဲ့ အမေရိကန်ဒရုန်းတို့ တိုက်မိပြီး နှစ်စင်းစလုံးပျက်ကျခဲ့

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved