ရန်ကုန် အပါအဝင် တိုင်းဒေသကြီး(၄)ခု၌ ညအပူချိန်ကျဆင်းမှုကြောင့် အအေးအနည်းငယ်ပိုနိုင်
ယွန်း (NSS) - ဒီဇင်ဘာ ၂၂
ရန်ကုန် အပါအဝင် တိုင်းဒေသကြီး(၄)ခု၌ ညအပူချိန်ကျဆင်းပြီး အအေးအနည်းငယ်ပိုနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီဇင် ဘာလ တတိယ (၁၀) ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ရန်ကုန် အပါအဝင် မကွေး၊ ပဲခူး နှင့် ဧရာဝတီတို့တွင် ဒီဇင်ဘာလတတိယ(၁၀)ရက်ပတ်အတွင်း (၁)ရက်မှ (၃)ရက်ခန့် ညအပူချိန်များ ကျဆင်းကာ နံနက်ပိုင်းများတွင် မြူထူဆိုင်းနိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။
“ဒီဇင်ဘာလဆန်းပိုင်းက ဆောင်းကာလရဲ့အလည်ကာလလည်းဖြစ်တော့ များသောအားဖြင့် အေးတဲ့လလည်းဖြစ်တယ်။ အအေးပိုလာနိုင်တယ်ဆိုတာထက် ညအပူချိန်လျော့ပြီး နည်းနည်းလေး အေးလာနိုင်တယ်လို့ပြောရမှာပေါ့။ (၃)ရက်အတွင်းမှာ အေးနိုင်တယ်။ အဲဒီလိုအချိန်တွေဆို မနက်ပိုင်းမှာ မြူထူပြီး အေးမယ်။ နေ့လယ်ပိုင်းမှာတော့ နေ့အပူချိန်များပြီး ရာသီဥတုကသာယာမယ်။ ညပိုင်းမှာတော့အပူချိန်လျော့ပြီးအေးမယ်။ သိသိသာသာအအေး ပိုလာမယ့် အနေအထားတော့မရှိသေးပါဘူး”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးလှထွန်းက NSS ကိုသုံးသပ်ပြောကြားထားသည်။
အလားတူ စစ်ကိုင်း(အထက်ပိုင်း)၊ ကချင်၊ ရှမ်း နှင့် ချင်းတို့တွင် (၇)ရက်မှ (၉)ခန့်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေး၊ တနင်္သာရီ၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်တို့တွင် (၄)ရက်မှ (၆)ရက်ခန့် မြူထူဆိုင်းနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
အဆိုပါကာလအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။
ထို့ကြောင့် စစ်ကိုင်း(အထက်ပိုင်း)၊ ကချင်၊ ရှမ်းတို့တွင် ရွာသွန်းမြဲထက်မိုးပိုရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်တိုင်း (အောက်ပိုင်း)၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင် နှင့် မွန်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကြောင်း မိုးဇလမှခန့်မှန်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်မြို့၌ နေအိမ်အတွင်း ပုပ်ပွသေဆုံးနေသော အမျိုး သားအလောင်းတွေ့ရှိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ