ပြည်မြို့၌ နေအိမ်အတွင်း ပုပ်ပွသေဆုံးနေသော အမျိုး သားအလောင်းတွေ့ရှိ
စော(NSS) - ဒီဇင်ဘာ ၂၂
ပဲခူးတိုင်း၊ ပြည်မြို့တွင် နေအိမ်အတွင်း ပုပ်ပွသေဆုံးနေသော အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ခေတ္တရာလူငယ်များ နာရေးကူညီမှုအသင်းထံမှ သိရသည်။
အဆိုပါအမျိုးသားသည် ယမန်နေ့(ဒီဇင်ဘာလ ၂၁ ရက်)၊ ည (၇)နာရီဝန်းကျင်အချိန်တွင် ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ရွှေတချောင်းလမ်းရှိ နေအိမ်တွင် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
“ရုပ်အလောင်းကိုတွေ့တဲ့အချိန်က အလောင်းက အ တော်ကြီးကို ပျက်စီးနေပြီ။ သေဆုံးနေတာ တစ်ပတ်လောက်ရှိပြီ။ မြင်လို့မကောင်းတော့ဘူး။ အဲဒီတော့ ချက်ချင်း သဂြိုလ်လိုက်ရတယ်။ သူကတစ်ယောက်ထဲနေတာ။ အိမ်နောက်ဖေး ရေချိုးခန်းရှေ့လောက်မှာ သေဆုံးနေတာပါ”ဟု ခေတ္တရာလူငယ်များ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါအမျိုးသားသည် အသက်(၄၀)ဝန်းကျင်ရှိ ဦးနေလင်းအောင်ဖြစ်ပြီး တာဝန်ရှိသူများ၏ စစ်ဆေးမှုပြီးနောက် ၎င်း၏ရုပ်အလောင်းအား မီးသဂြိုလ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘားအံခရိုင်အတွင်း၌ စစ်ဘေးရှောင်ပြည်သူ (၁၀၀၀၀) ကျော်ရောက်ရှိခိုလှုံနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း