European Rapid and Blitz ချန်ပီယံရှစ်မှာ အသက် ၈ နှစ်အရွယ်မိန်းကလေးက ပထမဆု ဆွတ်ခူး
ရောင်နီ(NSS) - ဒီဇင်ဘာ ၂၂
ခရိုအေးရှားနိုင်ငံ ဇာဂရက်မြို့မှာ ကျင်းပတဲ့ ၂၀၂၃ ခုနှစ် ဥရောပ Rapid Blitz စစ်တုရင်ပြိုင်ပွဲမှာ အသက် (၈) နှစ်အရွယ် ဗြိတိန်ကျောင်းသူလေး ဘိုဟာနာ စီဗာနန်ဒန် က The women’s first prize ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ပြိုင်ပွဲမှာ "စူပါပါရမီရှင်” အဖြစ် ဖော်ပြခံထားရတဲ့ သူမဟာ Blitz ပွဲစဉ်မှာ စုစုပေါင်း ရမှတ် 8.5/13 အမှတ်နဲ့ 48 grandmasters (GM) နဲ့ international masters 50 (IM) အပါအဝင် ကစားသမား ၅၅၅ ဦးကို ကျော်ဖြတ်ခဲ့ပြီး ခရိုအေးရှားမြို့တော်မှာ the women’s first prize ဆုကို ရရှိဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
သူမဟာ GM နဲ့ အခြားမာစတာများစွာတို့ထက် အဆင့်သတ်မှတ်ချက် အမှတ်၂၃၁၆ ထိ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဥရောပ Blitz မှာ ထိပ်တန်းအမျိုးသမီးပြိုင်ပွဲဝင်ဖြစ်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အရမ်းဂုဏ်ယူတယ်လို့ သူမက ဆိုပါတယ်။
ဒါ့အပြင် စီဗာနန်ဒန် ရဲ့ ယှဉ်ပြိုင်မှုဟာ ဖြစ်ရပ်ဆန်းတစ်ခုအဖြစ် ရိုမေးနီးယား IM Irina Bulmaga အပါအဝင် လက်ရွေးစင်ကစားသမားများစွာရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့တွင် တစ်ရက်တည်း၌ငွေကျပ် (၁၀)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း