မန္တလေးမြို့တွင် တစ်ရက်တည်း၌ငွေကျပ် (၁၀)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
သန့်ဇင်(NSS) - ဒီဇင်ဘာ ၂၂
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် တစ်ရက်တည်း၌ ငွေကျပ်(၁၀)ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)၊ စိတ်ကြွရူးသွပ်ဆေးပြား နှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များက ပြီးခဲ့သော(ဒီဇင်ဘာလ ၁၅ ရက်)၊ မွန်းတည့် ၁၂ နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၉x၅၀ လမ်းကြားရှိ နေအိမ်တစ်လုံးတွင် မူးယစ်ဆေး ဝါးများကို စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းကြားရှိ ကိုအောက်ကျော်မိုး၊ မသိင်္ဂီဝင်းနှင့် မအေးသီတာတို့၏ နေအိမ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အိုက်စ်(မက်သ်အဖက်တမင်း) ၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား(၈၀၅၀)ပြား နှင့် ဆိုင်ကယ်(၂)စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါနေ့ ည ၉ နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅) ရပ်ကွက်၊ ၆၆လမ်း၊ ၁၁၁x၁၁၂ လမ်းထောင့်ရှိ အောင်ထွေး ငှားရမ်းထားသည့် နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ ဒသမ ၁၄ သိန်း၊ ဘိန်းဖြူ ၄၀ ဒသမ ၇ကီလိုကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထို့ကြောင့် ၎င်းတို့ထံမှ စုစုပေါင်းငွေကျပ် (၁၀ ဒသမ ၂၈)ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၄ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၄၅ ဒသမ ၂၂ သိန်း၊ ဘိန်းဖြူ ၄၀ ဒသမ ၇ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့(၄)ဦးအား သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင် ရာဥပဒေအရအမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရည်အသွေးအာမခံချက်ရှိသည့် မြန်မာ့တိုင်းရင်းဆေးဝါးများကို နိုင်ငံတကာသို့တင်ပို့နိုင်အောင် မျှော်မှန်းဆောင်ရွက်ကြရန်လိုဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း