Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးကို စစ်ရာဇဝတ်မှုများဖြင့် စွဲချက်တင်ရန် နိုင်ငံတကာရာဇဝတ်တရားရုံးကို တောင်အာဖရိကအစိုးရ ဖိအားပေး

Pika (NSS) - ဒီဇင်ဘာ ၂ဝ

ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ ထိုးစစ်ဆင်မှုများနှင့်ပတ်သက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း စွဲချက်တင်ရန်အတွက် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)ထံ လိုအပ်သော စာရွက်စာတမ်းများအားလုံးကို အဆိုပြုတင်သွင်းခဲ့ကြောင်း တောင်အာဖရိကသမ္မတဆိုင်ရေးရာမာဖိုဆာ က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၇)ရက်တွင် ဟားမက်လက်နက်ကိုင်အဖွဲ့သည် အစ္စရေးကို ဒုံးကျည်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အစ္စရေးနိုင်ငံသား(၁၂ဝဝ)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် ဟားမက် လက်နက်ကိုင်အဖွဲ့သည် အစ္စရေးနိုင်ငံတောင်ပိုင်းကို ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်ခဲ့ပြီး လူ(၂၄ဝ) ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းလည်း သိရသည်။ 


အဆိုပါတိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းသွား မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ကတိပြုပြောဆိုခဲ့ပြီး ထိုးစစ်ဆင်မှုများကို လုပ်ဆောင်ခဲ့ရာ ကလေးငယ်နှင့်အမျိုးသမီးများ အပါအဝင် ပါလက်စတိုင်းလူမျိုး (၁၉ဝဝဝ)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်လတွင် တောင်အာဖရိကသမ္မတဆိုင်ရေးရာမာဖိုဆာသည် ဟားမက်လက်နက်ကိုင်အဖွဲ့၏ ကျူးကျော် တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့သလို အဆိုပါတိုက်ခိုက်မှုမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

ထို့အပြင် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသအပေါ် ထိုးစစ်ဆင်မှုများအား ပိုမိုအရှိန်မြှင့်လုပ်ဆောင်ကာ လူမျိုးတုံးသတ်ဖြတ်မှုများကို ကျူးလွန်နေကြောင်း ဆိုင်ရေးရာမာဖိုဆာက အခိုင်အမာပြောဆိုခဲ့သည်။ ဆိုင်ရေးရာမာဖိုဆာသည် အစ္စရေး-ဟားမက်စစ်ပွဲတွင် အစ္စရေး၏လုပ်ရပ်များကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ်တရားရုံးကို တောင်းဆိုခဲ့ဖူးပြီး အဆိုပါစုံစမ်းစစ်ဆေးမှုများအတွက် အခြားနိုင်ငံအများအပြားကို ပူးပေါင်းပါဝင်ရန် တောင်းဆိုခဲ့ဖူးကြောင်းလည်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသတွင်ဖြစ်ပွားနေသော ပဋိပက္ခသည် တောင်အာဖရိကနိုင်ငံနှင့် အစ္စရေးနိုင်ငံကြား သံတမန် ဆက်ဆံရေးများကို ပိုမိုတင်းမာလာစေခဲ့ကြောင်း သိရသည်။ ထို့အပြင် ပါလက်စတိုင်းနယ်မြေတွင် အပစ်အခတ်ရပ်စဲရန် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ကတိမပြုမချင်း အစ္စရေးနှင့်ဆက်ဆံရေးများကို ရပ်ဆိုင်း ထားရန် တောင်အာဖရိကလွှတ်တော်အမတ်များက ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ထောက်ခံခဲ့ကြကြောင်း သိရသည်။

အစ္စရေးက စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း စွပ်စွဲပြောဆိုချက်များကို အမြန်ဆုံးစုံစမ်းစစ်ဆေးရန်အတွက် စတင် လုပ်ဆောင်ရန် နိုင်ငံတကာရာဇဝတ်တရားရုံးကို တောင်းဆိုခဲ့ကြောင်း ဆိုင်ရေးရာမာဖိုဆာ က ပြောကြားခဲ့သည်။ ဆိုင်ရေးရာမာဖိုဆာ က "ဒီကိစ္စကို အလေးအနက်ထား လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် တောင်အာဖရိကနဲ့ အခြားနိုင်ငံတွေဟာ သူတို့ရဲ့စာရွက်စာတမ်းအပြည့်အစုံကို ICC ကို တင်ပြထားပါတယ်" ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရာသီဥတုဆိုးရွားနေသော်လည်း ငလျင်အပျက်အစီးများကြား ပိတ်မိနေသူများကို အရှိန်မြှင့်ကြိုးပမ်းရှာဖွေနေဟု တရုတ်အစိုးရပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved