အစ္စရေးပိုင်ဆိုင်သည့်သင်္ဘောများကို နိုင်ငံအတွင်း ဆိုက်ကပ်ခွင့်ပြုတော့မည်မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ်ပြော
Pika (NSS) - ဒီဇင်ဘာ ၂ဝ
အစ္စရေးအလံလွှင့်တင်ထားသည့်သင်္ဘောများကို မလေးရှားနိုင်ငံတွင် ဆိုက်ကပ်ခွင့်ပြုတော့မည်မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က ဒီဇင်ဘာလ(၂ဝ)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့အပြင် အစ္စရေးနိုင်ငံသို့သွားရောက်မည့် မည်သည့်သင်္ဘောကိုမဆို မလေးရှားဆိပ်ကမ်းများတွင် ကုန်တင်ခွင့်ပြု တော့မည်မဟုတ်ကြောင်းလည်း အန်ဝါအီဘရာဟင်က ပြောကြားခဲ့သည်။
အန်ဝါအီဘရာဟင်က "လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေခံမူတွေကို လျစ်လျူရှုပြီး ပါလက်စတိုင်း လူမျိုးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတဲ့အပြင် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက် တဲ့အစ္စရေးရဲ့လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဒီကန့်သတ်ချက်တွေကို ချမှတ်ခဲ့တာပါ" ဟု ပြောခဲ့သည်။
သို့သော်လည်း အဆိုပါဆုံးဖြတ်ချက်များသည် မလေးရှားနိုင်ငံ၏ ကုန်သွယ်မှုလုပ်ငန်းများကို ထိခိုက်စေမည် မဟုတ်ဟု မလေးရှားအစိုးရက ယုံကြည်ကြောင်း အန်ဝါအီဘရာဟင်က ပြောဆိုခဲ့သည်။ ထို့အပြင် မလေးရှား အစိုးရသည် အစ္စရေးအခြေစိုက်သင်္ဘောကုမ္ပဏီ ZIM အား နိုင်ငံအတွင်းရှိ မည်သည့်ဆိပ်ကမ်းတွင်မဆို ဆိုက်ကပ် ခွင့်အား ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ကြောင်း အန်ဝါအီဘရာဟင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
၎င်းက "မှတ်တမ်းတွေအရတော့ ZIM ကုမ္ပဏီပိုင်သင်္ဘောတွေကို မလေးရှားနိုင်ငံမှာ ဆိုက်ကပ်ဖို့ အစိုးရအဖွဲ့က ၂ဝဝ၂ ခုနှစ်မှာ စတင်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအစိုးရဟာ ယခင်အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေ အားလုံးကို ပြန်လည်ရုတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
မလေးရှားနိုင်ငံသည် ပါလက်စတိုင်းအရေးကို ထောက်ခံအားပေးသည့်နိုင်ငံဖြစ်ပြီး အစ္စရေး နှင့် သံတမန်ဆက်ဆံ ရေးများလည်း မရှိကြောင်း သိရသည်။ ထို့အပြင် ဟားမက်လက်နက်ကိုင်အဖွဲ့နှင့်ဆက်ဆံရေးများကို ဖြတ်တောက် ရန် အနောက်အုပ်စုနိုင်ငံများ၏ ဖိအားပေးမှုများကို မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖော်သော လွိုင်ကော်မြို့သည် (၇၅)ရာခိုင်နှုန်းခန့် ပျက်စီးသွားပြီဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ