မြောက်ကိုရီးယားရဲ့အဆင်ခြင်မဲ့လုပ်ရပ်တွေကို တုံ့ပြန်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဂျီ ၇ အဖွဲ့တိုက်တွန်း တောင်းဆို
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂ဝ
ဂျီ ၇ အဖွဲ့ဝင်နိုင်ငံတွေဟာ မြောက်ကိုရီးယားနိုင်ငံရဲ့အဆင်ခြင်မဲ့လုပ်ဆောင်နေတဲ့ နျူကလီးယားတည်ဆောက်မှု တွေ နဲ့ ဒုံးကျည်အသစ်တွေဖန်တီးမှုတွေကို တုံ့ပြန်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ ခိုင်မာ စုစည်းဖို့ လိုအပ်ကြောင်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံအထိ ရောက်ရှိနိုင်စွမ်းရှိတဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ခဲ့ပြီးနောက် ဂျီ ၇ အဖွဲ့ဝင်နိုင်ငံတွေက အခုလိုမျိုးတိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ဂျီ ၇ အဖွဲ့ဝင်နိုင်ငံတွေက မြောက်ကိုရီးယားနိုင်ငံရဲ့အဆင်ခြင်မဲ့လုပ်ရပ်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ တုံ့ပြန် ဖို့ လိုအပ်ကြောင်း၊ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တုံ့ပြန်ဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ် ကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး၊ အဲဒီပစ်ခတ်မှုက တောင်ကိုရီးယားနဲ့ အမေရိကန်ကို သတိပေးလိုက်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတွေက ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ၂ဝဝ၆ ခုနှစ်ကတည်းက နျူကလီးယားစမ်းသပ်မှုတွေ စတင်လုပ်ဆောင်ခဲ့ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီစဉ်တွေကိုရပ်တန့်ဖို့ ဆုံးဖြတ်ချက်အများအပြား ချမှတ်ခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ တရုတ် နဲ့ ရုရှားနိုင်ငံတို့ဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် များကို ဗီတိုအာဏာသုံးပယ်ချခဲ့ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့လပိုင်းကလည်း စစ်ဘက်သုံးဂြိုလ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ အဓိကအဆောက်အဦးများ ဓါတ်ပုံတွေကို ရိုက်ကူးထုတ်ပြနိုင်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတွင် ဆိုင်ကယ် နှင့် FAW ကားတို့ တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ ပွဲချင်းပြီးသေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ