မြန်မာနိုင်ငံမြောက်ပိုင်းတိုက်ပွဲတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ရရှိထားတဲ့သဘောတူညီချက်တွေကို အလျင်မြန်အကောင်ထည်ဖော်ဖို့ တရုတ်အစိုးရတိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂ဝ
မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို အလျင်အမြန်အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဝမ့်ဝမ်ဘင်းက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
ဒီဇင်ဘာ ၁၉ ရက်က ကျင်းပခဲ့တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမျာ ဂျပန်နိုင်ငံအခြေစိုက် NHK သတင်းဌာနက " တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဟာ ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဘာတွေပြောဆိုခဲ့သလဲဆိုရင် တရုတ်နိုင်ငံဟာ မြန်မာတပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေးရရှိအောင် ကြားဝင်ဆောင်ရွက်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂအဖွဲ့စည်းတွေက မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဖော်ပြပြောဆို နေတယ်။ အဲဒီအပေါ်တရုတ်အစိုးရအနေနဲ့ ဘယ်လိုတုံ့ပြန်ပြောဆိုလိုပါသလဲ" လို့ ပြောပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်ကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတဝန်း မှာ လူပေါင်း ၆ သိန်းခန့် နေရပ်စွန့်ခွာနေထိုင်နေရကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ့်ဝမ်ဘင်းက "တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကူညီထောက်ပံ့ပေးနေပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကြား ဆက်သွယ်ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီး ကူညီထောက်ပံ့ ပေးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ရပ်တည်ချက်က တသမတ်တည်းပါပဲ။ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ဟာ ရရှိထားတဲ့သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး အလျင်မြန်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ မြေပြင်တင်းမာမှုအခြေနေတွေ ဖြေလျော့ပေးမှုတွေကို တက်ကြွစွာလုပ်ဆောင်ဖို့ နဲ့ အမြင့်ဆုံးသည်းခံချုပ်တည်းဖို့ မျှော်လင့်ပါတယ်။ ကြိုကြားကြိုကြား ထိပ်တိုက် တွေ့ဆုံမှုတွေကို စီမံခန့်ခွဲမှုတွေ တိုးမြှင့်လုပ်ဆောင်ရမှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေတွေ ပျော့ပျောင်းတဲ့အခြေအနေမျိုးဖြစ်လာအောင် အတူတကွဖန်တီးဖို့ မျှော်လင့်နေပါတယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်က စစ်တပ်က အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာခဲ့ရာ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၂ သန်းကျော် ရှိလာနေကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို PDF အဖွဲ့ ထပ်မံမိုင်းခွဲဖျက်ဆီး၊ ရထားလမ်းနှင့် ဘူတာရုံ မိုင်းခွဲခံရမှု အကြိမ်ရေပေါင်း (၁၃၀) အထိရှိလာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ