ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို PDF အဖွဲ့ ထပ်မံမိုင်းခွဲဖျက်ဆီး၊ ရထားလမ်းနှင့် ဘူတာရုံ မိုင်းခွဲခံရမှု အကြိမ်ရေပေါင်း (၁၃၀) အထိရှိလာ
Pearl (NSS) - ဒီဇင်ဘာ ၂၀
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို PDF အဖွဲ့ ထပ်မံမိုင်းခွဲဖျက်ဆီးခဲ့ပြီး ရထားလမ်းနှင့် ဘူတာရုံ မိုင်းခွဲခံရမှု အကြိမ်ရေပေါင်း (၁၃၀) အထိရှိလာကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်) ၊ နံနက်ပိုင်းတွင် မန္တ လေးတိုင်း ၊ ကျောက်ဆည်မြို့နယ်၊ မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာ အကြား၊ မိုင်တိုင်အမှတ်၊ ၃၅၃/၃ နှင့် ၄ အကြား၊ တံတားအမှတ် (၇၃၆) အနီးတွင် PDF အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းခွဲဖျက်ဆီးထားသဖြင့် တံတားချဉ်းကပ်လမ်းရှိ ကွန်ကရစ်ဇလီဖားတုံးများပျက်စီးပြီး သံလမ်းများနေရာရွေ့နေမှုကြောင့် မင်းစုနှင့်ကျောက်ဆည်ကြားရထားလမ်းပိုင်းများအား ခေတ္တပိတ်ထားခဲ့ရပြီး အမှတ် (၅) အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် မြစ်သားဘူတာသို့ ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်)၊ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ရောက်ရှိ ရပ်တန့်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကာ နယ်မြေလုံခြုံရေးနှင့် မိုင်းရှင်း လင်းခြင်းများ ဆောင်ရွက်ခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများက လမ်းပိုင်းအားစစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး အစုန်လမ်းအားပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ အမှတ် (၅) အဆန်လူစီးအမြန်ရထားသည် မြစ်သားဘူတာမှ နံနက် ၉ နာရီ ၁၀ မိနစ်၌ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။
"ရထားလမ်းတွေ ဘူတာရုံတွေ အများပြည်သူအသုံးပြုနေရတဲ့နေရာတွေကို မလုပ်စေချင်ဘူး။ မဖြစ်စေချင်ဘူးပေါ့။ တခြားလူစည်ကားတဲ့နေရာတွေ။ အများပြည်သူသွားလာနေတဲ့ စျေးတွေ၊ ဆေးရုံတွေရော အဲဒီလိုမျိုးတွေ မလုပ်သင့်ပါဘူး"ဟု နိုင်ငံအတွင်း လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသူ တစ်ဦးက NSS ကို မှတ်ချက်ပြုပြောကြားထားသည်။
အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ (၁) ရက်မှ ယနေ့အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာ နယ် မြေအတွင်း မိုင်းထောင်မိုင်းခွဲခြင်း (၁၃၀) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၆) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအားမီးရှို့ဖျက် ဆီးခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖမ်းဆီးခံထားရသူတွေ ပိုမိုလွှတ်ပေးလာစေဖို့ အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ယာယီရပ်တန့်ထားဖို့ လိုလားနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း