ဖမ်းဆီးခံထားရသူတွေ ပိုမိုလွှတ်ပေးလာစေဖို့ အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ယာယီရပ်တန့်ထားဖို့ လိုလားနေ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂ဝ
ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့သူအရေအတွက်ကို ပိုမိုလွှတ်ပေးမယ်ဆိုရင် အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင်ဒေသအပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို ရပ်တန့်သွားဖို့ အဆင်သင့်ရှိနေကြောင်း သိရပါတယ်။
အစ္စရေးနိုင်ငံနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲ အပစ်ခတ်ရပ်စဲရေးတစ်ကျော့ပြန် ရယူနိုင်ဖို့ ကာတာနိုင်ငံက ကြားဝင်ကြိုးပမ်းနေကြောင်း သိရပါတယ်။ အစ္စရေးနိုင်ငံက သီတင်းပတ်တစ်ပတ်ကြာ အပစ်ရပ်စဲ ထားချိန်အတွင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့အနေနဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အို နဲ့ ကျန်းမာရေးမကောင်းသူတွေ အပါအဝင် လူပေါင်း ၄ဝ ကျော်ကို ပြန်လွှတ်ပေးဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကလည်း အစ္စရေးနိုင်ငံရဲ့ရန်လိုမှုတွေ အပြီးသတ်အဆုံးသတ်ဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။
ဒါပေမယ့် စစ်ပွဲကို ဆက်လက်ဖြစ်ပွားလိုနေတဲ့အစ္စရေးခေါင်းဆောင်တွေဟာ ဟားမက်စ်အဖွဲ့ရဲ့ တောင်းဆိုချက် တွေကို လက်ခံလိုခြင်းမရှိကြောင်း သိရပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့လက်ထဲမှာ အမေရိကန်နိုင်ငံသား ၈ ဦးအပြင် အခြားနိုင်ငံခြားသားတွေနဲ့ အစ္စရေးနိုင်ငံသားတွေ အပါအဝင် လူပေါင်း ၁၂၈ ဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း သိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့တို့ဟာ နိုဝင်ဘာနောက်ပိုင်းက ယာယီအပစ်ခတ်ရပ်စဲရေးရရှိခဲ့ပြီး အဲဒီကာလအတွင်း ဟားမက်စ်အဖွဲ့ဟာ ဓါးစာခံအဖြစ် ဖမ်းဆီးထားသူ ၁ဝ၅ ဦးကို ပြန်လွှတ်ပေးခဲ့သလို အစ္စရေးနိုင်ငံကလည်း ဖမ်းဆီးထားတဲ့ပါလက်စတိုင်းအကျဉ်းသား ၂၄ဝ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီယာယီ အပစ်အခတ်ရပ်စဲရေးဟာ ဒီဇင်ဘာ ၁ ရက်မှာ ပျက်သုန်းသွားခဲ့ပြီး တိုက်ပွဲများ တစ်ကျော့ပြန်ပြန်လည်ဖြစ်ပွားခဲ့ရာ ပါလက်စတိုင်းလူမျိုးတွေ သေဆုံးမှု ၁၈ဝဝဝ ကျော် အထိမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
အစ္စရေးသမ္မတက "ကျွန်တော်တို့ဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးနိုင်ဖို့ စစ်ပွဲကို ရပ်တန့်ဖို့ အဆင်သင့်ရှိနေပါတယ်။ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ ပိုမိုပေးခွင့်ပေးမှာဖြစ်ပြီး ဖမ်းဆီးခံထားရသူ တွေ ပိုမိုလွှတ်ပေးဖို့ လိုအပ်ပါတယ်။ လက်ရှိအချိန်အထိ ယာယီအပစ် ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အပြီးသတ် စာချုပ် အသေးစိတ်လုပ်ဆောင်တာမျိုး မရှိသေးပါဘူး" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်အားကြီးနိုင်ငံများသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး စကားလုံးများကို ရောင်းကုန်ပစ္စည်းကဲ့သို့ သဘောထားနေဟု တပ်ချုပ် ဝေဖန်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း