Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အင်အားကြီးနိုင်ငံများသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး စကားလုံးများကို ရောင်းကုန်ပစ္စည်းကဲ့သို့ သဘောထားနေဟု တပ်ချုပ် ဝေဖန်

မျိုးကြီး (NSS) - ဒီဇင်ဘာ ၂၀

အင်အားကြီးနိုင်ငံများသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးဆိုသည့် စကားလုံးများကို ရောင်းကုန်ပစ္စည်းကဲ့သို့ သဘောထားနေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝေဖန်ပြစ်တင်လိုက်သည်။


နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဒီဇင်ဘာလ ၂၀ ရက်)တွင် နေပြည်တော်၌ ကျင်းပသော လူငယ်နှင့်စာပေအနုပညာပွဲတော်တွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ၁၉ ရာစုအတွင်း၌ နယ်ချဲ့ကိုလိုနီနိုင်ငံကြီးများ၏ ကျူးကျော်ရန်ပြုခဲ့မှုကြောင့် မြန်မာနိုင်ငံအပါ အဝင် နိုင်ငံငယ်များ ကျွန်ပြုခံခဲ့ရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

“ကျွန်တော်တို့ရဲ့ ဘိုးဘွားမိဘတွေဟာ ကိုလိုနီချဲ့တွေရဲ့ ဆိုးညစ်ယုတ်မာမှုတွေ၊ သွေးခွဲသတ်လျှိုအုပ်ချုပ်မှုတွေကြားက တိုင်းချစ်ပြည်ချစ်စိတ်နဲ့ ပြည်ထောင်စုစိတ် ဓာတ်ကို အရင်းပြုပြီး ပြန်လည်လွတ်မြောက်အောင် အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်ရယူပေးခဲ့တာ (၇၆)နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ်လိုနီနယ်ချဲ့တို့ရဲ့ သွေးခွဲသတ်လျှိုအုပ်ချုပ်မှုရဲ့ အကျိုးဆက်ဟာ တိုင်းရင်းသားများကြာမှာ ယနေ့အချိန်ထိ ကျန်ရှိနေဆဲဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သတိပြု ကြရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် နိုင်ငံတော်ပြိုကွဲပျက်စီးမှု မဖြစ်ရန်အတွက် ဝိုင်းဝန်းကာကွယ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ခေတ်သစ်ကိုလိုနီဝါဒ၏ လုပ်နည်းလုပ်ဟန်များကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်ကာ မျိုးဆက်သစ်လူငယ်များကို အသိပညာပေးကြရန် လိုအပ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းထားသည်။

လက်ရှိတွင် အင်အားကြီးနိုင်ငံများသည် ဖွံ့ဖြိုးဆဲနိုင်ငံများကို ၎င်းတို့၏ သြဇာခံပုဆိန်ရိုးများ၊ ကြိုးဆွဲခံရုပ် သေးရုပ်များဖြင့် ထိုးဖောက်ဝင်ရောက်ကာ လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်ပြီးနောက် မတည်မငြိမ်ဖြစ်ရန် လုပ်ကြံဖန်တီးနေကြောင်းလည်း ၎င်းက ထပ်မံသတိပေးထားသည်။

“လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးဆိုတဲ့ စကားလုံးတွေကို ရောင်းကုန်ပစ္စည်းလိုသဘောထားပြီး လိုသလိုပုံဖော်ဖိအားပေးတာတွေနဲ့ နည်းလမ်းပေါင်းစုံ၊ အကြံအစည်ပေါင်းစုံအသုံးပြုပြီး သူတို့ရဲ့ သြဇာလောင်းရိပ်အောက်ကို သွတ်သွင်းနိုင်ဖို့ ကြိုးစားနေကြပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံငယ်များအနေဖြင့် နိုင်ငံတော်အား စည်းလုံးညီညွတ်စွာ ထိန်း သိမ်းကာကွယ်နိုင်စွမ်း မရှိပါက ဖရိုဖရဲပြိုကွဲသွားနိုင်ကြောင်းလည်း ၎င်းက ဆက်လက်သတိပေးထား သည်။

လက်ရှိတွင် အမေရိကန်နိုင်ငံသည် ခေါင်းစဉ်အမျိုးမျိုးဖြင့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များကို ကူညီနေ လျက်ရှိပြီး မြန်မာနိုင်ငံအား ရန်သူသဖွယ် သဘောထားနေကြောင်းလည်း နစကဘက်က ဖွင့်ဟပြောကြားခဲ့ဖူးသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်းဖြစ်ပွားခဲ့တဲ့ စိတ်ဝင်စားဖွယ်သတင်းများ

RECENT POSTS
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved