အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့ထဲ ပါဝင်ဖို့ စစ်သင်္ဘောတွေစေလွှတ်မယ်လို့ ဗြိတိန်အစိုးရပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂ဝ
ဗြိတိန်အစိုးရက ပင်လယ်နီဒေသအတွင်း လုံခြုံရေးအခြေနေတွေဟာ ဆိုးရွားလာနေပြီး ပဲ့ထိန်းဒုံးကျည်၊ ဒရုန်းတွေ နဲ့ တိုက်ခိုက်ခြိမ်းခြောက်တာတွေ အရှိန်မြင့်တက်လာနေကြောင်း သတိပေးပြောဆိုခဲ့ပါတယ်။
ဗြိတိန်ဖျက်သင်္ဘောတွေဟာ ပင်လယ်နီဒေသမှာ ကုန်စည်သင်္ဘာတွေ ဘေးကင်းလုံခြုံစေဖို့ အမေရိကန် ဦးဆောင်တဲ့စစ်သင်္ဘောတွေ ပူးပေါင်းကင်းလှည့်မယ့်အစီအစဉ်တွေထဲမှာ ပါဝင်မှာဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ပင်လယ်နီဒေသနဲ့ အေဒင်ပင်လယ်ကွေ့နားမှာ တိုက်ခိုက်မှုအရှိန်မြင့်တက်လာခဲ့ပြီးနောက် အမေရိကန်ဟာ အခြားမဟာမိတ်နိုင်ငံတွေနဲ့ပူးပေါင်းပြီး ပင်လယ်နီဒေသနဲ့ အေဒင်ပင်လယ်ကွေ့မှာ သင်္ဘောတွေကို ကာကွယ်ပေးမယ့် ညွှန်ပေါင်းအဖွဲ့ ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက HMS Diamond အမည်ရှိ ဖျက်သင်္ဘောဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒရုန်းတစ်စင်း ကို ပစ်ချခဲ့ကြောင်း၊ ပင်လယ်နီဒေသမှာ ခြိမ်းခြောက်မှုတွေ မြင့်တက်လာနေတဲ့အတွက် အမေရိကန်ဦးဆောင်တဲ့အဖွဲ့ထဲကို ပူးပေါင်းပါဝင်မယ်လို့ ဆိုပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်က "ပင်လယ်နီဒေသမှာ ကုန်စည်သင်္ဘောတွေကို တိုက်ခိုက်နေတာတွေဟာ ကမ္ဘာ့စီးပွားရေးကိုခြိမ်းခြောက်နေတာ လက်မခံနိုင်ဘူး၊ ဒေသအတွင်းလုံခြုံရေးကို များစွာထိခိုက်စေခဲ့တယ်။ ရေနံ ဈေးနှုန်းတွေ မြင့်တက်ဖို့ ခြိမ်းခြောက်နေတယ်။ ဒါဟာ နိုင်ငံတကာရဲ့ခြိမ်းခြောက်မှုဖြစ်လာတယ်" လို့ ပြောပါတယ်။
ဗြိတိန်ဖျက်သင်္ဘောဖြစ်တဲ့ HMS Diamond ဟာ အမေရိကန်ဖျက်သင်္ဘောသုံးစင်း၊ ပြင်သစ်စစ်သင်္ဘောတွေနဲ့အတူ ပင်လယ်နီဒေသမှာ ပူးပေါင်းကင်းလှည့်မှုတွေလုပ်ဆောင်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမြောက်ပိုင်းတိုက်ပွဲတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ရရှိထားတဲ့သဘောတူညီချက်တွေကို အလျင်မြန်အကောင်ထည်ဖော်ဖို့ တရုတ်အစိုးရတိုက်တွန်းတောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ