ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ဆန္ဒပြပွဲများ အရှိန်မြင့်တက်လာနေပြီး မီးရထားတွေကို မီးရှို့ဖျက်ဆီး
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂ဝ
ဘင်္ဂလားဒေရှ့်အစိုးရဆန့်ကျင်ရေးဆန္ဒပြသူအုပ်စုများက မီးရထားကို မီးရှို့ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့ရာ အနည်းဆုံး ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဘင်္ဂလားရှေ့်နိုင်ငံမှာ လာမယ့်လအတွင်းကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် အတိုက်ခံအုပ်စုတွေက အာဏာရအစိုးရကို ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုလျက်ရှိနေချိန်မှာ မီးရထားတိုက်ခိုက်ခံရခြင်းဖြစ်ပါတယ်။ အတိုက်ခံအုပ်စုက ဦးဆောင်မှုနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ အောက်တိုဘာ ၂၈ ရက်ကတည်းက ဆန္ဒပြပွဲတွေ လုပ်ဆောင်ခဲ့ရာ ကားတွေ၊ ယာဉ်တွေမီးရှို့ဖျက်ဆီးဖို့ ကြိုးပမ်းခဲရာ အနည်းဆုံး ၆ ဦး သေဆုံးထားကြောင်း သိရပါတယ်။
ဘင်္ဂလားဒေရှ့်အစိုးရဆန့်ကျင်ရေးအုပ်စုတွေရဲ့တောင်းဆိုဆန္ဒပြမှုတွေဟာ အကြမ်းဖက်လုပ်ရပ်တွေအဖြစ် တဖြည်းဖြည်းပြောင်းလဲလာနေကြောင်း သိရပါတယ်။
ဘင်္ဂလားဒေရှ့်မီးသတ်ဌာနတာဝန်ရှိသူတစ်ဦးက Shahjahan Shikder က "ဆန္ဒပြပွဲကိုအားပေးထောက်ခံသူတွေဟာ မီးရထားတွဲ သုံးတွဲကို မီးရှို့ခဲ့တယ်။ မီးရထားတွဲတွေကနေ ရုပ်အလောင်း လေးခု ပြန်လည်ရှာတွေ့ခဲ့တယ်" လို့ ပြောပါတယ်။
မီးရှို့မှုဖြစ်ပွားခဲ့တဲ့ရထားအပေါ်မှာ ခရီးသည်ဘယ်လောက်အထိ လိုက်ပါလာသလဲဆိုတဲ့အချက်ကို အတိအကျမသိသေးကြောင်း ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့က ပြောပါတယ်။ အဆိုပါရထားဟာ နက်ရိုကိုနာမြို့ကနေ မြို့တော် ဒါကာမြို့ကို ဦးတည်သွားမှာဖြစ်ပြီး လမ်းမှာ ကြားဖြတ်မီးရှို့တိုက်ခိုက်ခံရတာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေရှ့်အစိုးရက တစ်စုံတရာ မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးကြောင်း သိရပါတယ်။ ဘင်္ဂလားဒေရှ့်အတိုက်ခံပါတီဖြစ်တဲ့ (BNP) ပါတီဟာ ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ဦးဆောင်နေတဲ့ ဘင်္ဂလားဒေ့ရှ့်အစိုးရကို ရာထူးက ချက်ချင်း နှုတ်ထွက်ပြီး၊ ဇန်နဝါရီ ၇ ရက်မှာ ကျင်းပဖို့ စိစဉ်ထားတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်ရှိတ်ဟာစီနာဟာ လာမယ့်ရွေးကောက်ပွဲမှာ တစ်ကျော့ပြန်ပါဝင်ယှဉ်ပြိုင်ပြီး သမ္မတ သက်တမ်း ၄ ကြိမ် ဆက်တိုက်တာဝန်ယူဖို့ ကြိုးပမ်းနေရာ အတိုက်ခံအုပ်စုရဲ့တောင်းဆိုချက်တွေကို ငြင်းဆန်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့ထဲ ပါဝင်ဖို့ စစ်သင်္ဘောတွေစေလွှတ်မယ်လို့ ဗြိတိန်အစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ