Hwasong-18 တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကိုယ်တိုင်ကြီးကြပ်ခဲ့
Pika (NSS) - ဒီဇင်ဘာ ၁၉
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ပြီးခဲ့သည့်ရက်ပိုင်းက စမ်းသပ်ပစ်လွှတ်ခဲ့သော အမေရိကန်နိုင်ငံ သို့ ရောက်ရှိနိုင်စွမ်းရှိသည့် လောင်စာဆီအခဲသုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဒီဇင်ဘာလ(၁၉)ရက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည် သယ်ယူရလွယ်ကူပြီး လောင်စာဆီအရည်သုံး ပုံစံဗားရှင်းများထက် ပိုမိုမြန်ဆန်စွာ ပစ်ခတ်နိုင်သော လောင်စာဆီအခဲသုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ဒီဇင်ဘာလ(၁၈)ရက်တွင် ပြောခဲ့သည်။
အဆိုပါလောင်စာဆီအခဲသုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုသည် မြောက်ကိုရီးယားနိုင်ငံ၏ တတိယ အကြိမ်မြောက် စမ်းသပ်ပစ်လွှတ်မှုတစ်ခုဖြစ်ပြီး ပြီးခဲ့သည့်ဧပြီလ နှင့် ဇူလိုင်လတို့တွင်လည်း အလားတူ စမ်းသပ် ပစ်လွှတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အဆိုပါစမ်းသပ်ပစ်လွှတ်မှုသည် မြောက်ကိုရီးယားနိုင်ငံ၏ နည်းပညာပိုင်းကို မြင့်တင်ရန်အတွက် ကြိုးပမ်းအားထုတ်နေမှုများကို ပြသခဲ့ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။
KCNA သတင်းအေဂျင်စီ က "ICBM Hwasongpho-18 ဒုံးကျည်ကို ပစ်လွှတ်မှုဟာ မြောက်ကိုရီးယားရဲ့ မဟာဗျူဟာမြောက်နျူကလီးယားတပ်ဖွဲ့ဝင်တွေရဲ့ပြင်းထန်တဲ့လက်တုံ့ပြန်မှုတွေနဲ့ ရန်သူတွေကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်တဲ့ခွန်အားတွေကို ပြသဖို့အတွက် လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလုပ်ဆောင်ချက်တစ်ခုပဲ ဖြစ်ပါတယ်" ဟု ရေးသားထားသည်။
မြောက်ကိုရီးယားနိုင်ငံ လက်နက်တိုက်တွင်အကြီးဆုံးဖြစ်သော အဆိုပါတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်သည် အကွာအဝေး ကီလိုမီတာ (၁ဝဝဝ)ကျော်ထိ ပျံသန်းခဲ့ပြီး မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့များ၏ တိုက်ခိုက်ရေး စွမ်းရည်များကို ပြသနိုင်ခဲ့ကြောင်း KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အဆိုပါတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုသည် ရန်စမှုများ လုပ်ဆောင်နေသောတပ်ဖွဲ့များထံ ရှင်းလင်း ပြတ်သားသောအချက်ပြမှုတစ်ခုဖြစ်ပြီး မြောက်ကိုရီးယား၏ မဟာဗျူဟာမြောက်နျူကလီးယားတပ်ဖွဲ့များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးတာဝန်အသစ်များကို ချမှတ်ခဲ့သည်ဟု ကင်ဂျုံအန်းကပြောဆိုခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
YESC က အငယ်တန်းအင်ဂျင်နီယာ (၇ဝ)ကျော်ခေါ်ယူ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ