YESC က အငယ်တန်းအင်ဂျင်နီယာ (၇ဝ)ကျော်ခေါ်ယူ
စော (NSS) - ဒီဇင်ဘာ ၁၉
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အငယ်တန်းအင်ဂျင်နီယာ (၇၅)ဦး ခေါ်ယူနေကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယနေ့(ဒီဇင်ဘာလ ၁၉ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထား ခြင်းဖြစ်သည်။
အဆိုပါ ဝန်ကြီးဌာနက ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းတွင် အငယ်တန်းအင်ဂျင်နီယာ(၂)ရာ ထူးနေရာအတွက် (၇၅)ဦး ခန့်အပ်သွားမည်ဖြစ် ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် အသက် (၃၅)နှစ်ထက်မကြီးရန် လိုအပ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၄၀)နှစ်ထက်မကျော်လွန်သူဖြစ်ရန် လိုအပ်ကြောင်း သိရသည်။
ထို့ပြင် လျှောက်ထားသူများအနေဖြင့် စာမေးပွဲဝင်ကြေး ငွေကျပ် (၅၀၀၀)ကို ရန်ကုန်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ (၃)ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ငွေစာရင်းအမှတ် (CE-000958)သို့ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း၊ စီမံခန့်ခွဲရေးဌာနတွင် ယနေ့(ဒီဇင်ဘာလ ၁၉ ရက်)မှစတင်၍ ထုတ်ယူနိုင်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နောက်ဆုံးထား ၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းအစိုးရက အမျိုးသမီးများကိုပါ စစ်မှုထမ်းစေခိုင်းရန် လုပ်ဆောင်သင့်ကြောင်း ယူကရိန်းလွှတ်တော်အမတ်တစ်ဦးပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ