ယူကရိန်းအစိုးရက အမျိုးသမီးများကိုပါ စစ်မှုထမ်းစေခိုင်းရန် လုပ်ဆောင်သင့်ကြောင်း ယူကရိန်းလွှတ်တော်အမတ်တစ်ဦးပြော
Pika (NSS) - ဒီဇင်ဘာ ၁၉
ယူကရိန်းအစိုးရသည် ရုရှားနိုင်ငံနှင့်ဖြစ်ပွားနေသောပဋိပက္ခတွင် လိုအပ်မည်ဆိုပါက အမျိုးသမီးများကိုပါ စစ်မှုထမ်းစေခိုင်းရန်အတွက် အာရုံစိုက်သင့်ကြောင်း ယူကရိန်းလွှတ်တော်အမတ် Inna Sovsun က ပြောကြားခဲ့သည်။
Inna Sovsun သည် ယူကရိန်းလွှတ်တော်တွင် Golos ပါတီ၏ လက်ထောက်(၂ဝ)ဦးထဲမှ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။ ကိုယ်ပိုင်လစ်ဘရယ်ပုံစံ နှင့် အီးယူလိုလားသောပါတီသည် ညစ်ညမ်းရုပ်ပုံများပါဝင်သော စာပေ နှင့် လိင်တူအရပ်ဘက်အဖွဲ့အစည်းများကို တရားဝင်ခွင့်ပြုပေးရန် ယခုနှစ်အစောပိုင်းတွင် အဆိုပြုခဲ့သည့်အတွက် လူသိများကြောင်းလည်း သိရသည်။
Inna Sovsun က "လူအားလုံး ကြိုက်နှစ်သက်ကြမှာမဟုတ်တဲ့ ဆုံးဖြတ်ချက်မျိုးတွေ ရှိလာပါလိမ့်မယ်။ အမျိုးသမီး တွေကိုပါ စစ်မှုထမ်းစေခိုင်းမယ့်အချိန် ရောက်လာနိုင်တယ်ဆိုတဲ့အချက်ကို ကျွန်မ မငြင်းလိုပါဘူး။ ကာကွယ်ရေး အတွက် လိုအပ်ခဲ့မယ်ဆိုရင် အမျိုးသမီးတွေကို စစ်မှုထမ်းစေခိုင်းဖို့ ဆွေးနွေးရပါမယ်" ဟု ပြောခဲ့သည်။
ထို့အပြင် ဖြေရှင်းရန်လိုအပ်သည့် ပြဿနာများတွင် စစ်မှုထမ်းစေခိုင်းမည့် အမျိုးသမီးများအတွက် တာဝန်များ၊ ယူနီဖောင်းများ ပေးအပ်ခြင်း၊ ခရီးသွားလာခွင့်ကန့်သတ်ချက်များနှင့် ကလေးငယ်များရှိသော မိခင်များ၏ အခြေ အနေအဆင့်အတန်းများကို Inna Sovsun က ဖော်ပြပြောဆိုခဲ့ကြောင်းလည်း သိရသည်။
ယူကရိန်းသမ္မတဇီလန်စကီး၏ ပြည်သူ့ကျေးကျွန်ပါတီမှ လွှတ်တော်အမတ်တစ်ဦးက စစ်ဘက်ဆိုင်ရာလုပ်ငန်းများ တွင် တာဝန်ထမ်းဆောင်ရန်အတွက် အမျိုးသမီးများကိုစုဆောင်းရန် အဆိုပြုခဲ့ပြီးနောက် Inna Sovsun ၏ မှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားနှင့် စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် လူအသေအပျောက်များ ပိုမိုများပြားလာမှု နှင့်အတူ ယူကရိန်းအစိုးရသည် စစ်သားစုဆောင်းရေးလုပ်ငန်းများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်လတွင် သမ္မတဇီလန်စကီးသည် စစ်မှုထမ်းခြင်းစနစ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ပြီးပြည့်စုံ သောအဆိုပြုချက်တစ်ခုကို ကတိပြုခဲ့ကြောင်းသိရသည်။သို့သော်လည်း လက်ရှိအချိန်အထိ အဆိုပါအဆိုပြုချက် ကို ထုတ်ပြန်ကြေညာခြင်းမျိုးမရှိသေးကြောင်း သိရသည်။ ထို့အပြင် ယူကရိန်း၏ အနောက်အုပ်စုကျောထောက် နောက်ခံနိုင်ငံများသည် အဆိုပါဥပဒေမူကြမ်းကို ဆယ်ကျော်သက်များ၊ သက်ကြီးရွယ်အိုများ နှင့် အမျိုးသမီး များအထိ တိုးချဲ့ရန် တောင်းဆိုခဲ့ကြကြောင်း ရုရှားထောက်လှမ်းရေး၏အဆိုအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးအစိုးရက လက်ဘနွန်နိုင်ငံကို ကျူးကျော်ဝင်ရောက်မှုများလုပ်ဆောင်ရန် အစီအစဉ်များရေးဆွဲနေကြောင်း မီဒီယာများဖော်ပြ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း