ကိုရီးယားသို့ ရာသီချိန်လုပ်သားစေလွှတ်ရန် မြန်မာ နှင့် ကိုရီးယား ဒေသန္တရအစိုးရအချင်းချင်း MoU လက်မှတ်ရေးထိုးထားဟုဆို
Pearl (NP News) - ဒီဇင်ဘာ ၁၉
ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားစေလွှတ်ရန် မြန်မာ နှင့် ကိုရီးယား ဒေသန္တရအစိုးရအချင်းချင်း MoU လက်မှတ်ရေးထိုးထားကြောင်း နစက၏ အလုပ်သမားဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာလ ၁၉ရက်)တွင် မီဒီယာများကို အထက်ပါကဲ့သို့အသိပေးပြောကြားထားခြင်းဖြစ်သည်။
ကိုရီးယားနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် မြန်မာလုပ်သားများ လုပ်ကိုင်ရန် ရာသီချိန်လုပ်သားစေလွှတ်ရေးနှင့်ပတ်သက်၍ နစကမှ မူအားဖြင့် ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။
ရာသီချိန်လုပ်သားအလုပ်အကိုင်သည် (၈)လလုပ် (၄)လနားစနစ်ဖြင့် ကာလတိုလုပ်ကိုင်ရခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့်အပြင် ကိုရီးယားမှ စိုက်ပျိုးရေးနည်းပညာများကိုလည်း သင်ယူလေ့လာရန် အခွင့်အလမ်းများရှိကြောင်း ဝန်ကြီးဌာနက ဆို သည်။
လုပ်အားခအနေဖြင့်လည်း ဒေသတွင်းနိုင်ငံများထက် လစာပိုမိုရရှိသည့်အပြင် ပြည်သူလူထု၏ စာဝတ်နေရေး နှင့် လူမှုအဆင့်အတန်း ပိုမိုမြင့်တတ်လာစေနိုင်သည့် အတွက် မြန်မာနိုင်ငံလုပ်သားများ၏ အကျိုးစီးပွားကိုရှေ့ရှု၍ စေလွှတ်လိုခြင်းဖြစ်ကြောင်းသိရသည်။
ကိုရီးယားနိုင်ငံသို့ ရာသီချိန်စိုက်ပျိုးရေးလုပ်သားများခေါ်ယူနိုင်ရန် ကိုရီးယားနိုင်ငံရှိ ပြည်နယ်၊ ခရိုင် နှင့် မြို့တော်အသီးသီးမှ အစိုးရအဖွဲ့များမှ မြန်မာနိုင်ငံ နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး၍ ဆောင်ရွက်လိုကြောင်း ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ အသီးသီးတို့မှတဆင့် မြန်မာနိုင်ငံ ၊ အလုပ်သ မားဝန်ကြီးဌာနသို့ တင်ပြမှုများရှိကြောင်း ဆိုသည်။
ထို့ကြောင့် ရာသီချိန်လုပ်သားစေလွှတ်ခြင်းလုပ်ငန်းစဉ်အရ ကိုရီးယားနိုင်ငံ၊ တရားရေးဝန်ကြီးဌာန၏ ခွင့်ပြု ချက်ဖြင့် ပထမဦးစွာ ကိုရီးယားနိုင်ငံ ဒေသန္တရအစိုးရ နှင့် မြန်မာနိုင်ငံဒေသအစိုးရတို့ (Region to Region) နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
"ကိုရီးယားနိုင်ငံ၊ တရားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိပြီးနောက် ဒေသန္တရအစိုးရ အချင်းချင်း MoU ရေး ထိုးပြီးပါက လုပ်သားစုဆောင်းခြင်း၊ ရွေးချယ်ခြင်း ၊ စေလွှတ်ခြင်းစသည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်" ဟု ဝန်ကြီးဌာနက ပြောသည်။
လက်ရှိတွင် ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့်မြန်မာလုပ်သားအများအပြားရှိနေပြီး သွားရောက်လုပ် ကိုင်ရန်အတွက် စောင့်ဆိုင်းနေသည့် မြန်မာလုပ်သားလည်း အများအပြားလည်းရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့၌ ကွန်တိန်နာယာဉ်နှင့် သုံးဘီးဆိုင်ကယ်တို့ တိုက်မိခဲ့ရာ ကလေးငယ်အပါအဝင် (၂)ဦး သေဆုံး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ