ရန်ကုန်မြို့၌ ကွန်တိန်နာယာဉ်နှင့် သုံးဘီးဆိုင်ကယ်တို့ တိုက်မိခဲ့ရာ ကလေးငယ်အပါအဝင် (၂)ဦး သေဆုံး
စော (NSS) - ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၌ ကွန်တိန်နာယာဉ်နှင့် သုံးဘီးဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ကလေးငယ် အပါအဝင် (၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၁၈ ရက်)၊ ည (၈)နာရီခွဲအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင်နောင်လမ်းမကြီးနှင့် ကံကော်လမ်းမကြီးထိပ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြတ်ကုသိုလ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကွန်တိန်နာနဲ့ သုံးဘီးနဲ့ မျက်နှာချင်းဆိုင်တိုက်တာ။ ကွန်တိန်နာရပ်ထားတဲ့ပုံစံကတော့ သူလမ်းမကြီးအတိုင်းပါပဲ။ သုံးဘီးကတော့ ကွေ့မဲ့အနေအထားနဲ့ တိုက်မိတာနဲ့တူပါတယ်။ သုံးဘီမောင်းတဲ့လူနဲ့ တစ်နှစ်နဲ့ခြောက်လအရွယ်ကလေးက သေဆုံးသွားတယ်။ ကလေးအမေပါသေးတယ်။ သူကတော့ လက်ဖျံရိုးကျိုးသွားတယ်”ဟု မြတ်ကုသိုလ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် သုံးဘီးမောင်းသူ ကိုအောင်ကြီး (၃၅)နှစ်နှင့် မစုရတီထွန်း (၁နှစ်၆လ)တို့သည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် မစိုးရတီထွန်း၏ မိခင်ဖြစ်သူ မအေးစိုး (၂၄)နှစ်မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ၎င်းအား အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Hwasong-18 တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကိုယ်တိုင်ကြီးကြပ်ခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း