အီရတ်နိုင်ငံမှာ စစ်ဘက်သုံးရဟတ်ယာဉ်တစ်စီးပျက်ကျ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၉
အီရတ်နိုင်ငံမှာကျင်းပနေတဲ့ ဒေသန္တရရွေးကောက်ပွဲတွေမှာ အဓိကလုံခြုံရေးတာဝန်တွေ ထမ်းဆောင်ဖို့ သွားရောက်တဲ့ အီရတ်စစ်ဘက်သုံးရဟတ်ယာဉ်တစ်စင်းဟာ ဒီဇင်ဘာ ၁၉ ရက်က ပျက်ကျသွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါရဟတ်ယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူးတစ်ဦးသေဆုံးကာ အခြားသူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း အီရတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရဟတ်ယာဉ်ဟာ Tuz Khurmatu မြို့ရှိ လေတပ်အခြေစိုက်စခန်းက ပျံတက်ခဲ့ပြီးနောက် မကြာမီ ပျက်ကျ သွားခဲ့တာဖြစ်ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာချို့ယွင်းချက်များကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အီရတ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
အဆိုပါစစ်ဘက်သုံးရဟတ်ယာဉ်ပေါ်မှာ နှစ်ဦး လိုက်ပါခဲ့ပြီး ရဟတ်ယာဉ်မှူးတစ်ဦး သေဆုံးခဲ့ကာ၊ အခြားတစ်ဦးကတော့ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ Tuz Khurmatu ဒေသမှာ ၁ဝ နှစ်အတွင်း ပထမဆုံး အကြိမ် ဒေသန္တရကောင်စီရွေးကောက်ပွဲတွေကို ၁ဝ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပနေခြင်းဖြစ်ကြောင်း ဆိုပါတယ်။
တောင်တန်းဒေသနဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရဲ့ခြိမ်းခြောက်မှုတွေရှိနေပေ မယ့် ရွေးကောက်ပွဲတွေပြန်လည်ကျင်းပဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဘက်သုံးရဟတ်ယာဉ်ပျက်ကျမှုက လက်နက်ကိုင်အဖွဲ့တွေနဲ့ မသက်ဆိုင်ကြောင်း၊ လက်ရှိအချိန်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲရေတွက်တွေ ၄၁ ရာခိုင်နှုန်းပြီးဆုံးခဲ့ကြောင်း အီရတ်စစ်ဘက်က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယား နှင့် အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ အကြိမ်(၁ဝဝ)ကျော် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်စစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ