ဆီးရီးယား နှင့် အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ အကြိမ်(၁ဝဝ)ကျော် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်စစ်ဘက်ပြော
Pika (NSS) - ဒီဇင်ဘာ ၁၉
အီရတ်နှင့်ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့်အောက်တိုဘာလ(၁၇)ရက် နောက်ပိုင်းကတည်းက အကြိမ်(၁ဝဝ)ကျော် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန်ကာကွယ်ရေးအရာရှိက "အောက်တိုဘာလ(၁၇)ရက်ကနေ ဒီဇင်ဘာလ(၁၈)ရက်အထိ အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ အနည်းဆုံး(၁ဝ၁)ကြိမ်ခန့် တိုက်ခိုက်ခံခဲ့ရပါတယ်" ဟု ပြောခဲ့သည်။
အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှု(၄၆)ကြိမ်ထိ ရှိခဲ့ပြီး ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှု(၅၅)ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။ ဆီးရီးယားနှင့် အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များသည် တစ်လမ်းသွား တိုက်ခိုက်ရေးဒရုန်းများ၊ ဒုံးကျည်များ၊ မော်တာများ နှင့် တာတိုပစ်ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၆)ရက်က ထုတ်ပြန်ခဲ့သော ဆီးရီးယားနိုင်ငံရှိ Mission Support Site Euphrates အခြေစိုက်စခန်းကို တစ်လမ်းသွားတိုက်ခိုက်ရေးဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်နှစ်ခုမှာ နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် တတိယအကြိမ်မြောက်တိုက်ခိုက်မှုတွင်လည်း ဒုံးကျည်အများအပြားဖြင့် အဆိုပါအခြေစိုက်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါနေ့ မတိုင်ခင် ဒီဇင်ဘာလ(၁၄)ရက်တွင် အီရတ်ရှိ Al-Asad လေတပ်အခြေစိုက်စခန်းတွင်ရှိသော အမေရိကန်တပ်ဖွဲ့ဝင် များကို တစ်လမ်းသွားတိုက်ခိုက်ရေးဒရုန်း အများအပြားဖြင့် တိုက်ခိုက်မှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
ဒီဇင်ဘာလ(၁၃)ရက်က ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့ ကြောင်းလည်း သိရသည်။ တစ်လမ်းသွားတိုက်ခိုက်ရေးဒရုန်းများသည် ဆီးရီးယားနိုင်ငံ Shaddadi မြို့ရှိ ကင်းလှည့်အခြေစိုက် စခန်း၊ Al-Tanf အခြေစိုက်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် တတိယအကြိမ်မြောက်တိုက်ခိုက်မှုတွင် Mission Support Site Euphrates အခြေစိုက်စခန်းကို ဒုံးကျည် အများအပြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အဆိုပါတိုက်ခိုက်မှုများကြောင့် လူသေဆုံးမှု (သို့မဟုတ်) အခြေခံအဆောက်အဦးများ ထိခိုက်ပျက်စီးမှုမျိုးမရှိခဲ့ကြောင်း အမေရိကန်ကာကွယ်ရေး အရာရှိက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံတွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး လူ(၁၂ဝ)နီးပါး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ