၁၀၂၇ စစ်ဆင်ရေးအတွင်း နေရပ်စွန့်ခွာရသူ ပိုများလာသည့်အတွက် ဂျာမနီနိုင်ငံက ယူရို (၂)သန်း ထောက်ပံ့မည်ဟု ကြေညာ
စော (NSS) - ဒီဇင်ဘာ ၁၉
မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေးအတွင်း နေရပ်စွန့်ခွာရသူ ပိုများလာသည့် အတွက် ဂျာမနီနိုင်ငံက ယူရို (၂)သန်း ထောက်ပံ့မည် ဖြစ်ကြောင်း ကြေညာထားသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ယနေ့ (ဒီဇင်ဘာလ ၁၉ ရက်)တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
MNDAA၊ TNLA၊ AA မဟာမိတ်သုံးဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ (၂၇)ရက်မှ စတင်ကာ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)ဒေသရှိ တပ်မတော်လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်တိုက်ခဲ့ရာ နှစ်ဖက်အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူလူထုအများအပြားသည်လည်း နေရပ်စွန့်ခွာစစ်ဘေးရှောင်ခဲ့ရသည်။
နေရပ်စွန့်ခွာသူများပြားလာသည့်အတွက် ဂျာမနီနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက် ထားမှု ရန်ပုံငွေသို့ ယူရို (၂)သန်းထည့်ဝင်မည်ဖြစ် ကြောင်း ဂျာမနီသံရုံးက ကြေညာထားသည်။
ယခုလက်ရှိအချိန်အထိ ဂျာမနီနိုင်ငံသည် မြန်မာနိုင်ငံ၌ ရန်ပုံငွေအများဆုံးထည့်ဝင်ပံ့ပိုးသည့် နိုင်ငံများထဲမှ တစ် နိုင်ငံအဖြစ် ပါဝင်နေပြီး ယူရို (၆ ဒသမ ၅)သန်းကို ထည့်ဝင်ပံ့ပိုးထားကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ ပြည်သူများကိုလည်း ထပ်မံထောက်ပံ့သွားမည်ဖြစ်ကြောင်း ဂျာမနီသံရုံး အကြီး အကဲ Mr. Kidess က ပြောသည်။
မြန်မာနိုင်ငံ၌ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူဦးရေ (၂ ဒသမ ၆)သန်းကျော်အထိရှိလာပြီဖြစ်ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရတ်နိုင်ငံမှာ စစ်ဘက်သုံးရဟတ်ယာဉ်တစ်စီးပျက်ကျ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ